Part - 10

17.4K 439 10
                                    

🌻

နေရောင် ဆရာမေးသမျ သေသေချာချာဖြေရင်းက ခေါင်းတွေမူးသည်။ ဆရာကထောင်ကလွတ်လာတာ ဟိုလူမဟုတ်ကြောင်းနဲ့ ဟိုလူက ထောင်ထဲသေသွားပြီဖြစ်ကြောင်း စိုးရိမ်စိတ်လျော့ဖို့ လိုကြောင့် တစ်ခုချင်းဆီရှင်းပြနေတော့၏။ စိတ်ငြိမ်ဖို့ တရားထိုင်ရမည်ဆိုပြီး မေမေတရားစခန်းဝင်နေကျ ဘုန်းကြီးကျောင်းကို ဆက်သွယ်ထားလေရဲ့ ။ သောက်ဆေးမလိုတော့ပေမဲ့ ကို့စိတ်ကိုနိုင်အောင်ထိန်းဖို့နဲ့ အလုပ်တွေရပ်ထားဖို့လိုသည်မို့ အလုပ်ကိုဖုန်းဆက်ကာ အကြောင်းကြားရတော့သည်။

သူတို့ဆွေးနွေးပြီး ပြန်ထွက်လာတော့ မိုမိုတို့ပြန်သွားပြီဖြစ်ပြီး မေမေကစိုင်းခန့်နဲ့ စကားပြောနေတာမို့ မေမေ့နားသာလာထိုင်လိုက်တော့သည်။

" သား အလုပ်ကိုစိတ်မပူနဲ့။ သားဆက်က သူကူညီပေးမယ်တဲ့ "

" အားနာစရာကြီး "

" အားနာမနေနဲ့ မင်းသာအရင်နေကောင်းအောင်လုပ် ငါနဲ့လိုက်ခဲ့ ကလောကို "

" ဟင် ငါတရားစခန်းဝင်ရမှာလေ "

" မေမေဖုန်းမဆက်လိုက်ဘူး။ စိုင်းစိုင်းက သူ့ခြံ့ကိုခေါ်သွားမယ်တဲ့ အဲ့တာကြောင့် သားစိတ်အေးရင်အေးသလောက် သွားနေနော် "

"သား..  သား ဂျပန်ဗီဇာလုပ်ထားသေးတယ် မေမေ "

" သားစိတ်မပူနဲ့နော် မေမေကြည့်စီစဉ်လိုက်မယ် "

" ဟုတ်၊ သားလေမနေ့က ညီမလေးကိုဘယ်ခေါ်သွားမိလဲ မမှတ်မိဘူး "

" ဪ အဲ့တာ မိုမို့လေးကိုမုန့်လိုက်ကျွေးရုံပဲတဲ့ "

' ဟုတ် "

နေရောင် မမှတ်မိပေမဲ့ မေမေပြောတာကြောင့် ခေါင်းငြိမ့်ပြီးသာ လက်ခံလိုက်တော့သည်။ တနေ့ည သူပင်ပန်းတဲ့ထိ ဒိုက်ထိုးပြီးစိတ်တွေက ပူလောင်လာကာ ဘာတွေလုပ်လို့လုပ်မိမှန်းမသိခဲ့တာမို့ တစ်ခုခုများလုပ်ခဲ့မိရင်ဆိုတဲ့ စိတ်ကအလိုလိုအားနာနေတော့သည်။

နေရောင်အဝတ်တွေအမြန်သိမ်းရင်း စိုင်းခန့် အိမ်ကိုသာလိုက်ခဲ့တော့သည်။ မေမေတို့က ဖေဖေ့ဘက်က ဦးငယ်တို့လာနေပေးမည်ဆိုတာမို့ စိတ်ချလက်ချထားခဲ့လ်ု့ရသည် ။

အချစ်သည် ထာဝရအတွက် ဖြစ်တည်ခဲ့လျင်Where stories live. Discover now