Part-23 🌻

19.5K 429 16
                                    

🌻

ဂျပန်ကနေလေ့လာစရာရှိတာ လေ့လာပြီး၁ပတ်အကြာမှာတော့ ယမှုံတို့မြန်မာပြည်ပြန်လာဖြစ်ခဲ့တော့သည်။ ကိုကိုက အရာရာသူ့ကိုယုံထားဖို့နဲ့ ဘာမှစိတ်မပူဖို့တဖွဖွ ပြောတတ်ပြိး အရင်ကထပ်ပိုပြီး ဇီဇာလဲကြောင်တတ်လာတော့သည်။ အဖေအိုကြီးလိုပွစိပွစိပြောတတ်ပြီး စိုးရိမ်စိတ်ကအမြဲပြည့်နေတော့သည်။ လေဆိပ်ဆင်းပြီးကားပေါ်ရောက်တုန်းရှိသေး ကိုကို့မေမေက အလုပ်ကိစ္စနဲ့ယွန်းပစ္စည်းတွေ နေပြည်တော်ကို ပို့ခိုင်းတော့သည်။

နေရောင်စိတ်ညစ်ရသည်က မေမေကချက်ချင်းဆိုသလို အတင်းလွှတ်နေခြင်းသာ။ ဟန်းနီးလဲမွန်းမဝသလို မိုမို့ရဲ့အရသာကိုသိပြီးသကာလမှာ အနားကကိုမခွာချင်ဖြစ်နေတော့တာကို မေမေကနားမလည်ပေ။ ပြောရအခက်၊ ရှင်းရအခက်မို့နေရောင်လုပ်ရမှနိးမသိဖြစ်နေတော့သည်။ နေပြည်တော်ထပ်သွားရင်လဲ မိုမိုနဲ့ကခွဲရဦးမည်မို့ အကြံအိုက်နေတော့သည်

" ကိုကို အရမ်းမစဉ်းစားပါနဲ့ "

" မစဉ်းစားလို့ရမလား။ နေပြည်တော်ထပ်သွားရင် မင်းနဲ့ထပ်ခွဲရဦးမှာ "

' ကိုကို ဒါကတော့လေ လွန်တယ်သိလား။ဂျပန်ခရီးစဉ်လဲ မိုမိုအေးဆေးမလည်ရဘူး။ ဟိုလဲမသွားရ ဒီလဲမသွားရနဲ့ ကိုကိုအပျောပ်မခံပဲနဲ့ "

" ဘယ်လိုဖြစ်ဖြစ်ကွာ အချစ်ခံရတာကိုပဲ မင်းကစိတ်ဆိုးရတယ်ရှိသေး "

" စိတ်ဆိုးတာမဟုတိဘူး ကိုကိုကအိုဗာတင်းဖြစ်နေလို့ ပြောတာ "

" အိုဗာတင်းမကလို့ မိုင်လိုဖြစ်ဖြစ်ကွာ။ "

ကိုကိုကသူ့ကားကို အဓိပတိလမ်းပေါ်ရပ်ထားရင်း ခုံကိုနောက်လှန်ကာ အကျိတ်အနယ်စဉ်းစားနေတော့သည်။ သူ့ဘာသာစဉ်းစားလားဆိုမဟုတ် ယမှုံလဲအငြိမ်မနေရပေ။ သူ့ရင်ခွင်ထဲထည့်ကာပါးကို လိမ်ဆွဲပြီးအကြံထုတ်တာမို့ ပါးကနာနာလာသည်။ ဒါကမဟုတ်သေးဘူးမလား ရီးစားအခုမှထားဖူးပြီး တအားသဲပြနေတာ လူမြင်လို့မှမကောင်းတာ။ ရေခဲကအရည်ပျော်ရုံမကပဲ အငွေ့ပါပြန်နေတော့ ခက်လိုက်တာနော်

" ကိုကိုစဉ်းစားပြီးပြီ မင်းလဲလိုက်ခဲ့ရမယ် "

" ကိုကို့ "

အချစ်သည် ထာဝရအတွက် ဖြစ်တည်ခဲ့လျင်Where stories live. Discover now