Part - 16 🌻

14.7K 450 30
                                    


🌻

နေရောင် အင်္ကျီကိုသပ်သပ်ရပ်ရပ်ဝတ်ကာ အိမ်အောက်ကိုပြေးဆင်းလာခဲ့တော့သည်။ မေမေက သူမရှိတဲ့အတောအတွင်း ဆိုင်ကိုရောင်းလိုက်သည်ဆို၍ စကားများခဲ့ရသေးသည်။ တီမိုးကလဲ အသက်၅၀ကျော်ပြီမို့ နှစ်ယောက်သားဆိုင်ကို ဦးစီးနိုင်တော့မှာ မဟုတ်တာကြောင့် သူလက်လျော့ပေးခဲ့တော့သည်။

ဖေဖေကသူ့အမွေတွေနဲ့ ရှာသမျပိုက်ဆံတွေကို တောင်ကြီးမှာအိမ်ဝယ်ကာ ခြံလေးပေးခဲ့သည်မို့ မေမေကပြောင်းနေတော့မည်ဟုဆိုသည်။ အဲ့တာကြောင့် သူလဲဒီအိမ်ရောင်းကာ ကွန်ဒိုဝယ်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

" မေမေ အိမ်ပွဲစားနဲ့သားသွားတွေ့မလို့ "

" ဟင် အင်းသွားလေ သား "

" မေမေလိုက်ခဲ့မလား "

" မလိုက်တော့ဘူး။ သားအဆင်ပြေသလိုလုပ်ခဲ့ မေမေကအဆင်ပြေတယ် "

" ဟုတ် မေမေတောင်ကြီးမှာရော ဘာလုပ်မှာလဲ "

" ဘာမှမလုပ်ဘူးသားရယ် မေမေထိုင်နေပြီး ဘုရားတရားလုပ်မယ် မေမေအေးအေးချမ်းချမ်းနေချင်ပြီ "

" ဒါပေါ့ မေမေစိတ်ချမ်းသာသလိုလုပ်ပါ သားလိုက်လျောပေးပါ့မယ် "

" ဪ ခွန်ခွန် တီမိုးကို ကော်ဖီဝယ်ခဲ့ဦး ကော်ဖီကုန်နေပြီ "

" ဟူတ်ကဲ့ တီမိုး သားသွားပြီ "

" ဂရုစိုက်နော် "

" ဟုတ် "

နေရောင်ထွက်သွားတာနဲ့ နန်းခင်ကော်ဖီကို အရသာခံသောက်လိုက်တော့သည် ။

" မမ သားကိုတစ်ယောက်ထဲထားခဲ့လို့ဖြစ်ပါ့မလား "

" အဟင်း သားက ၂၅နှစ်ပြည့်ပြီ။ မိုးမိုး သားကသူ့ဘဝသူဖန်တီးနိုင်ပြီ "

" ဒါပေမဲ့ မိသားစုရဲ့နွေးထွေးမှုလေးလိုတယ် မဟုတ်ဘူးလား "

" ဒါပေါ့ အဲ့နွေးထွေးမှုကိုသူကိုယ်တိုင်ရှာရလိမ့်မယ်။ သူ့ရဲ့ကိုယ်ပိုင်မိသားစုလေး သူဖန်တီးရမဲ့အချိန်ပဲ ယောကျာ်းကောင်းတစ်ယောက်ရဲ့ အပြုအမူတွေ ၊ အကြင်နာတရာတွေ ၊ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလေးလေးစားစား ဆက်ဆံရမယ်ဆိုတာ သားသေချာသိမယ်လို့မျော်လင့်တယ် ။ ကိုခွန့်စိတ်ဓာတ်တွေပါလား ကိုခွန့်လို ယောကျာ်းကောင်းပီသမလား ငါကြည့်ချင်တယ် "

အချစ်သည် ထာဝရအတွက် ဖြစ်တည်ခဲ့လျင်Where stories live. Discover now