Part -13 🌻

12K 376 3
                                    


🌻

ရဲစခန်းကိုအကြောင်းကြားပြီး ရဲတွေရော၊ နယ်ထိန်းတွေရော ရောက်လာကာ ဖြစ်စဉ်အစအဆုံးနားထောင်ပြီး အစီအစဉ်ဆွဲကြသည်။ ခန့်မှန်းခြေက ကလေးခိုးဂိုဏ်းလို့သာ သတ်မှတ်လိုက်ကြခြင်းသာ။ ၂၄နာရီပြည့်မှအမှုဖွင့်လို့ရမှာဆိုပေမဲ့ အခုကကလေးကမျက်မြင်တွေကြား ခေါ်သွားခံရတာသေချာတာကြောင့် နယ်မြေပိုက်စစ်တိုက်ကာ လိုက်ရှာနေကြတော့သည်။
မတိုးကသွေးတွေတက်ပြီး သတိမေ့သွားတာကြောင့် အနီးကဆေးရုံကိုတင်ထားလိုက်ရသည် ။

ကိုခွန်ရော၊ ကိုဆန်းမောင်ရော ရှာနေကြပေမဲ့ မိန်းမသားတွေကတော့ ငိုမြဲငိုနေရသည် ။ ကလေးတွေကတော့ ဘာမှမသိကြပေမဲ့ နေရောင်လေးကတော့ ငိုယိုနေတော့သည်။

" မိုးကြောင့်ပါ၊မမတိုးရယ် မိုးသာဖမ်းမိခဲ့ရင် ကလေးပါသွားမှာမဟုတ်ဘူး "

" မဟုတ်ပါဘူး ဘာ​ဝဋ်ကြွေးတွေပါလိမ့် သူများသားသမီးကိုမှ မိဘနဲ့ခွဲချင်ကြတာ "

" မငိုပါနဲ့ တိုးတိုး သွေးတြွေပန်တက်လာရင် ကိုပဲဒုက္ခရောက်မယ်။ ဘုရားသိပါတယ်အေ ဒီကလေးလေးကိုပြန်တွေ့မှာပါ "

ကလေးထိန်းအမကြီးက နှစ်သိမ့်ပေမဲ့ သူလဲနှာတရှုံ့ရှုံ့ပင်။ နေရောင်လေးက ထိုင်နေရာကနေ

" မေမေ "

" အင်း သား "

" သားအဲ့လူဆိုးတွေကိုမြင်လိုက်တယ် "

" ဟယ် ဘယ်သူလဲ သားသေချာရဲ့လား "

" အင်း မိုမိုပြေးသွားတာတခြားမဟုတ်ဘူး။မေမေ အဲ့မှာပေါက်စီသည်ကိုတွေ့လို့သားကိုစဖို့ ပြေးသွားတာ သားမြင်လိုက်တယ် "

" ပြီးတော့ရော "

" အဲ့ဦးလေးကြီးက ဦးထွဋ်နဲ့တူတယ် "

" ဘာရယ် ကိုထွဋ်ခေါင်လားသား "

" အင်း ဟိုတစ်ခါအိမ်လာသွားတဲ့ပုံပဲလေ ဆံပင်တွေရှုပ်ပွပြီး ညစ်ပတ်နေတာ "

လာဘ်စားတဲ့အမှုထောင်ကလွတ်တော့ အိမ်လာပြီးပြသနာရှာတာကို ကလေးကမှတ်ထားခဲ့သည်နဲ့တူသည်။ ထောင်ထွက်ဆိုတဲ့အတိုင်း မှုတ်ဆိတ်ဗလပျစ်နဲ့ညစ်ပတ်ပြီး ရန်စကားလာပြောတာကို နန်းခင်မှတ်မိနေပါသေးသည်။ သူသာသေချာရင် နန်းခင်တို့ကိုအငြိုးထားနေခြင်းသာဖြစ်သည်။

အချစ်သည် ထာဝရအတွက် ဖြစ်တည်ခဲ့လျင်Opowieści tętniące życiem. Odkryj je teraz