🌻
အမရာ့မွေးနေ့ပြီးထဲက စိတ်ထဲတနုံ့နုံ့ဖြစ်နေခဲ့ပေမဲ့ သူကမဟုတ်ဘူးဆို၍ အတင်းဆက်မမေးလိုပေ။ မိန်းကလေးသိက္ခာဆိုတာလဲ ရှိသေးတယ်မဟုတ်လား။ ယမှုံစာထိုင်လုပ်ရင်းကနေ စားပွဲကကိုတတောက်တောက်ခေါက်နေမိသည်။
" တီလေး... "
" ယံယံ မနှောင့်ယှက်နဲ့ တီလေး စာလုပ်နေတယ် "
ထက်ကောင်းယံ ဆိုတဲ့တူတော်မောင်က ဆံပင်လာဆွဲနေတာနဲ့ အော်လိုက်ပေမဲ့မသွားပေ။ ပေကပ်နေပြီး ဘေးနားမှာလာဆော့တာနဲ့ ဘာမှမပြောပဲ ထားထားလိုက်သည်။
" ယမှုံ ဘုန်းကြီးကျောင်းမလိုက်ဘူးလား "
" ဟင် ဘယ်သွားမလို့လဲ "
မနေရီကသူ့သားကိုချီရင်း သေချာပြင်ဆင်ပေးနေသည်မို့ ကြောင်သွားရသည် ။
" ယံယံမွေးနေ့လေ မလိုက်ဘူးလား "
" အာ သွားလိုက်တော့ မလိုက်တော့ဘူး "
" ဘာကိုမလိုက်မှာလဲ ဝင်းယမှုံခေတ် ဘုရားတရားလုပ်မှာတောင်ငြင်းတယ်ပေါ့ဟမ် "
" အားးး မေမေ့ နာတယ် "
အမေဖြစ်သူကနားရွက်ကိုလိမ်နေပြီမို့ စာလုပ်လက်စ စာအုပ်တွေသိမ်းရင်း အင်္ကျီထုတ်ဝတ်ရတော့သည် ။ စိတ်ကနေမကောင်းရင် ဘာမှမလုပ်ချင်တာမို့ စိတ်မပါလက်မပါဖြစ်နေတော့သည်။
" ငါ့သမီးလင်းတကြီးကျလို့ မှိုင်လိုက်တာ "
" ဖေဖေကလဲ "
" မှိုင်တွေလို့ဝိတ်ကျမယ်ဆို၊ ငါ့သမီးအရိုးပဲကျန်မှာ "
" ဖေဖေနော် မစနဲ့ "
ကားပေါ်တက်ပြီးနားကြပ်နဲ့သာ အဖော်ပြုရင်း ဘုန်းကြီးကျောင်းဆီပါလာခဲ့တော့သည်။ အလိုက်ကန်းဆိုးမသိတဲ့ တူကတော့ ဘေးနားမှာခုန်ပေါက်နေတာမို့ မျက်စောင်းသာထိုးမိတော့သည် ။
************
မနက်ခင်းကာလမှာ မြူအနည်းငယ်အုံ့တာကလွဲလို့. ရာသီဥတုသာယာပါသည်။ ဆရာတော်ဘုရားဆီမှာ ဖေဖေကွယ်လွန်တာ ၁၀နှစ်ပြည့် ကုသိုလ်လုပ်ပေးရမည်မို့ စောစောထွက်လာခဲ့တော့သည်။ အလုပ်သွားရမည်ဆိုပေမဲ့ မေမေ့ကို့ အဖော်လုပ်ပေးရင်း အန်တီမိုးကိုပါခေါ်လာခဲ့တော့သည်။
أنت تقرأ
အချစ်သည် ထာဝရအတွက် ဖြစ်တည်ခဲ့လျင်
العاطفيةUnicode and Zaw Gyi❗️ Start date - Oct 18 2021 အတိတ်က ဒဏ်ရာတစ်ချို့ကြောင့် အဝေးမှာ နေခဲ့ပေမဲ့ မလွန်ဆန်နိုင်တဲ့ အချစ်တွေ ရစ်ပတ်လာချိန်မှာတော့ ..... ဘယ်လိုရှေ့ဆက်မလဲ ဘာတွေဆက်ဖြစ်လာမှာလဲ။ အတိတ်က ဒဏ်ရာတစ်ချို့ကြောင့် အဝေးမှာ နေခဲ့ပေမဲ့ မလွန်ဆန်နိုင်...