Part -11 🌻

13.2K 397 15
                                    


🌻

နေရောင်ညနေခင်းမို့ စွယ်တာနဲ့းနွေးစေမဲ့ အမွှေးပွဘောင်းဘီရှည်ကိုဝတ်ထားသည့်တိုင် မနွေးထွေးပေ။ ကလောကညဘက်ဆို ပိုအေးတာမို့ နားရွက်ဖျားတွေ ရဲလာသည်အထိအေးတော့သည် ။ ကော်ဖီပူပူလေးဖျော်ရင်း အရသာခံကာ ပြတင်းပေါက်ကနေတဆင့် အပြင်ကိုငေးနေမိတော့သည်။ မြူစိုင်းကာ ဝေဝါးနေပေမဲ့ စိုက်ပျိုးခြံတွေပေါ် မြူခိုးဝေနေပုံကအတော်ကြည့်ကောင်းတော့သည်။

" နေရောင် "

" ဪအေး ပြော "

" အေးလို့လား "

" အေးကွာ အေးသလားလို့ "

" ဟွန်း မင်းအရမ်းအေးရင် မီးလှုံမလား မီးပုံလုပ်လို့ရတယ် ခြံထဲမှာ "

" ငါမလှုံဘူးဘူး လုပ်မယ်လေ "

" ဟိုဘက်ခြံမှာမီးပုံရှိတယ်၊ မိတ်ဆက်ပေးမယ်လာ "

" ဟမ် ဘယ်သူတွေလဲ "

" လာစမ်းပါ "

စိုင်းခန့် လက်ကနေဆွဲကာ တစ်ဖက်ခြံထဲဆွဲခေါ်လာတော့သည်။ အပြင်ရောက်တာနဲ့ စိမ့်တက်လာတာမို့ စွယ်တာကို လည်ပင်းအုပ်တဲ့ထိဆွဲတင်လိုက်တော့သည် ။

"ငစိုင်း အေးတယ်ကွ နေဦး။အနွေးထည်သွားဝတ်လိုက်ဦးမယ် "

" မင်းကလဲ မိန်းမကြီးကျလို့ လာစမ်းပါ။ ငါတောင် စွယ်တာပဲပါတယ် "

" မင်းကနေနေကျလေ "

" လာပါကွာ မင်းမသေပါဘူး "

ပြောမရတာမို့ အနောက်ကနေသာခေါ်တဲ့နောက် လိုက်ခဲ့ရတော့သည် ။
တစ်ဖက်ခြံထဲရောက်တာနဲ့ မီးပုံဘေးမှာအစားအသောက်မျိုးစုံနဲ့ အသောက်အစားတစ်ချို့ပါတွေ့လိုက်ရသည်မို့ ဝင်လို့ကောင်းပါ့မလား တွေးရင်း

" ငစိုင်း အားနာစရာကြီး "

" ငါ့ဘော်ဒါတွေပါ လာ"

ငစိုင်းကရှေ့ဆောင်လမ်းပြကာ ရွယ်တူလောက်ရှိသည့် အမျိုးသမီးတစ်ယောက်ကိုသွားနှုတ်ဆက်တော့သည်။

" နှောင်းရိပ် ဘယ်လိုလဲ "

" စိုင်းခန့် ငါသတိရနေတာ "

နှစ်ယောက်သားပွေ့ဖက်နှုတ်ဆက်နေတာမို့ နေရောင်ရပ်ကြည့်ကာ ပြုံးရုံလေးပြုံးပြလိုက်တော့သည်။

အချစ်သည် ထာဝရအတွက် ဖြစ်တည်ခဲ့လျင်Where stories live. Discover now