ကျွန်းပေါ်တွင် ( About the past )

1.8K 142 25
                                    


ခပ်အုံ့အုံ့မိုးကောင်းကင်မှာ လောကတစ်ခုလုံးကိုအုပ်မိုးထားသောကြောင့် အရာရာသာမာန်ထက်ပိုတိတ်ဆိတ်နေသည်မှာ စိတ်ထင်၍သာလား ။ ထို့အပြင်ဤကားထဲ၌လိုက်၍ပါလာသူက Aidenနဲ့မင်းသစ်2ယောက်သာရှိသည် ။

"" သူသည်Driverအလုပ်ကိုတာဝန်ယူသလို ဘယ်အချိန်ထငိုမလဲမသိသည့်မင်းသစ်မျက်နှာကိုလဲ အရိပ်တကြည့်ကြည့်ဖြစ်ရင်း တချက်တချက်သံပြင်းချသံလဲနားထဲတိုးဝင်လာသည် ။ တနာရီခွဲလောက်သာမောင်းနှင်လာခဲ့ပီး သူထံဘာစကားမှအစမချီသလို ကိုယ်လဲတခွန်းမဟ ။ ညိုမှိုင်းမှိုင်းကောင်းကင်သာလျှင် ဘယ်အချိန်အလင်းစအသေးလေးများ ဖောက်ထွင်းလာမလဲသာစောင့်ကြည့်ရင်းး... ။ ""

" ကျွိ.. "ကနဲကားရပ်ချိန်မှာတော့ မင်းသစ်အကြည့်ကပတ်ဝန်းကျင်သို့တချက်ဝေ့ပတ်လိုက်သည် ။ ဘာကိစခေါ်လာသလဲမသိပေမဲ့ ဒါဆေးရုံတစ်ရုံအရှေ့ပါ ။ ထုထည်ကြီးကြီးမားမားနဲ့တည်ဆောက်ထားပေမဲ့ ကားparkingမှာကားသိပ်မရှိတဲ့အပြင် ဝင်ပေါက်တောက်လျှောက် တိတ်ဆိတ်လွန်းလှသည် ...သို့သော် Securityအပြည့်ဖြင့် Cctvကလဲလမ်းတောက်လျှောက်မြင်မိယုံမက Nurseတို့လဲဖြတ်သွားဖြတ်လာမနည်းပါ ။ ဒါကိုကြည့်ခြင်းအားဖြင့် ဒါကအဆင့်တစ်ခုကလူလောက်ပဲလက်ခံထားရှိသည့် ဆေးရုံဟုမှတ်ယူလို့ရသည် ။ ထပ်၍ခေါင်းထဲတွေးမိတာက ဘာလို့ဒီနေ့ရာငါ့ကိုခေါ်လာတာလဲ... "

"" ဘယ်သူမှလမ်းပြမှုမရှိဘဲ အချိုးအကွေ့များ ၊ ခွဲခန်းများ ၊ အရေးအပေါ်အဆောင်များကိုဖြတ်သန်းသွားနေစဥ်လဲ မင်းသစ်သူ့နောက်ကျောသာကြည့်ရင်း လိုက်ပါလာသည် ။ ထို့နောက် တားမြစ်Signများကပ်ထားသော Aluminiumတံခါးကြီးရှေ့ရောက်လျှင်ပဲ ဘောင်းဘီအိတ်ကပ်ထဲသို့ထည့်ထားသောလက်တစ်ဖက်ထွက်လာရာ ကတ်တစ်ခုပါတွဲပါ၍ ဘေးကအတည်ပြုစစ်ဆေးသည့် Screenပေါ်သို့တင်လိုက်တာနှင့် "" တီ... ""ဆိုသောအသံနှင့်အတူ ထိုတံခါးကြီးပွင့်သွားသည် ။ ""

ထို့နောက်ဆက်၍ဝင်သွားသည်မို့ မင်းသစ်မှာချီတုံချတုံ အကယ်၍များSirကငါ့ကိုပြန်ပေးဆွဲတာဘာညာဆိုပြဿနာပဲပေါ့... ။ ပတ်ဝန်းကျင်ဘယ်သူမှမရှိတာမို့ အော်ဟစ်အကူညီတောင်းလဲ ဘယ်သူမှကြားမှာမဟုတ် ။ သို့ပေမဲ့ ရုတ်တရက်ဝင်လာသောအတွေးက Bossနှင့်ပက်သက်တာတစ်ခုခုပြစရာရှိတယ်ဆိုပြီး ခေါ်လာခဲ့တာမလား... ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now