အပိုင်း - ၁၀၃

Start from the beginning
                                    

သူ့မာမားကလည်း တခြားအမျိုးသမီးတွေနဲ့ စကားပြောရင်းအလုပ်များနေတာကြောင့် သူ့ကို အာရုံမစိုက်မိဘူး။ ဘေဘီကျီလေးခမျာ ထိုင်ခုံအနောက်မှာ တစ်ယောက်တည်း ရပ်နေရတယ်။ သူ့ကိုယ်သူ တန်ဖိုးထားတဲ့အချက်ကလည်း ထိခိုက်သွားရတာပေါ့။

သူ အတော်လေး စိတ်မချမ်းမသာဖြစ်ကာ မဆိုစလောက်လေး စိတ်ဆတ်နေတော့တယ်။

သူ ထိုင်ခုံအနောက်ဘက်ကနေ ထွက်လျှောက်ပြီး တွန့်ဆုတ်ဆုတ်နဲ့ပဲ တစ်စုံတစ်ယောက်ကို နှုတ်ဆက်ဖို့ပြင်ရုံရှိသေးတယ် နားရွက်ရှည်ရှည်တွေနဲ့ အမွှေးပွအမြီးလေးတစ်ချောင်းရှိတဲ့ သတ္တဝါလေးတစ်ကောင်က ရုတ်တရက် ထွက်ပေါ်လာတယ်။

သတ္တဝါလေးရဲ့တစ်ကိုယ်လုံးက အပြာနုရောင်လေးဖြစ်ပြီး ပုပုတုတ်တုတ်လေး။ သူ့ရဲ့လမ်းလျှောက်ဟန်က ခါယမ်းနေတာကြောင့် နားရွက်လေးတွေပါ လှုပ်ခါနေတော့တယ်။ ဒါလေးက ချက်ချင်းဆိုသလို ဘေဘီကျီရဲ့အာရုံစိုက်မှုကို ရသွားတယ်။

သူ့အကြည့်က စူးရှသွားတယ်။ သူက ဖြေးဖြေးချင်းလျှောက်သွားပြီး ထိုသတ္တဝါလေးရဲ့ နားရွက်တွေကို ဆွဲလိုက်တယ်။

သတ္တဝါလေးက လှည့်လာပြီး ဘေဘီကျီကို လုံးဝိုင်းတောက်ပတဲ့မျက်လုံးကြီးတွေနဲ့ ပေကလပ်ပေကလပ်လေးကြည့်လာတယ်။

'ဘယ်-ဘယ်လိုတောင် ချစ်ဖို့ကောင်းနိုင်ရတာလဲ!'

ဒါက ယုန်အကျီဝမ်းဆက်လေး ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်ဖြစ်နေတယ်။ သူ့ကြည့်ရတာ သုံးနှစ် လေးနှစ်လောက်သာ ရှိသေးပုံပေါ်တယ်။ သူ့အကျီလေးက အပြာနုလေးဖြစ်ပြီး ပါးလေးတွေက နှင်းဆီသွေးရောင်သမ်းနေတယ်။ သူ့မျက်လုံးလေးတွေက တောက်ပပြီး ဝိုင်းစက်နေတယ်။

ကောင်လေးက ဘေဘီကျီကိုကြည့်ပြီး ပြန်လှည့်ကာ ရှေ့ကိုသာ ခနော်နီခနော်နဲ့,နဲ့ ဆက်လျှောက်သွားတယ်။

ဘေဘီကျီက သူလျှောက်သွားတာကို မြင်တဲ့အချိန်မှာ ကူညီတဲ့အနေနဲ့ နားရွက်လေးတွေကို ဆွဲကာ ခေါင်းစွပ်လေးကိုပါ ဆွဲချပေးလိုက်တယ်။

ကောင်လေးက လှည့်လာပြီး ရုတ်တရက်ဆိုသလို ကျယ်လောင်စွာ ငိုတော့တယ်။ ဆူညံသံက ကမ္ဘာကြီးတောင် တုန်သွားလောက်ပြီး အခုချိန်ထိ သူတို့အချင်းချင်း နွေးနွေးထွေးထွေး ပြောဆိုနေကြတဲ့ အမျိုးသမီးတွေအားလုံးရဲ့ အာရုံစိုက်မှုကို ချက်ချင်းရသွားတယ်။

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now