63

6.5K 246 11
                                    

Unicode
*********
(သွေးထွက်သုံယို ပါရှိခြင်းကြောင့် warningပေးပါတယ်)
ငွေရီမှိုင်း သူ့ဟာကို အုပ်ကိုင်ရင်း မြေပေါ် ပစ်လဲကျသွားကာ လူးလွန်နေတော့သည်။ ကျန်၂ယောက်လည်း အသိဝင်လာကာ လရောင်ငယ်ကို ကန်ကျောက်တော့သည်။ လရောင်ငယ် ခန္ဓာကိုယ်ကို မျက်နှာနှင့် ဒူးထိအောင် ကွေးကာ ကန်ချက်များကို ကြိတ်ပြီးခံသည်။
နောက် သူ့လက်က မြေပေါ်က အေးစက်စက် အရာတစ်ခုကို သွားကိုင်မိပြီး ထိုအရာက သူ့ရဲ့ ခေါက်ဓားဆိုတာ သိလိုက်တော့ ချက်ခြင်းစုပ်ကိုင်လိုက်ကာ ဓါးကို အတည့်ထောင်ချလိုက်သည်။
"အား....ငါ့ခြေထောက်!!!"
ဓါးသွားက သူ့ကိုကန်နေတဲ့ တစ်ယောက်ရဲ့ ခြေထောက်ကို ထက်ပိုင်းခြမ်းလိုက်သလို ဟက်တက်ကွဲသွားစေပြီး ဒဏ်ရာက ခြေညိုးနဲ့ ခြေခလည်ကြားကနေ ဟပြဲဖြစ်သွားတာ ခြေကျင်းဝတ်ထိ။ သူ့ကံချက်ရဲ့ အားနှင့်သူ ထိုမျှအထိ အရိုးတွေပါ ခုတ်ပြီးသွား ဖြစ်သည်အထိ ခြေထောက်ဟာ သုံးစားမရတော့ဘဲ တစ်ခါထဲ ပစ်လဲကျသွားတော့သည်။

"မင်း..မင်း.."

သူ့အဖော် ၂ယောက် မထနိုင်တော့တာ မြင်တော့ ကျန်တစ်ယောက်က လန့်သွားပြီး ချက်ခြင်းလှည့်ပြေးသွားကာ အရိပ်ယောင်ပင် မတွေ့တော့။
လရောင်ငယ် ခပ်လှန်းလှန်းမှာ ကျနေတဲ့ လက်ထိပ်သော့ကို တွားသွားပြီး ကောက်လိုက်ကာ လက်ထိပ်ဖြုတ်လိုက်သည်။
အကန်ခံထားရမှုနဲ့ rape ခံထားရမှုကြောင့် လူတစ်ကိုယ်လုံးက ယိုင်နဲ့နဲ့။ တစ်ကိုယ်လုံး သွေးဖုံးကာ ခြေလှမ်းတို့က အနိုင်နိုင်။

လရောင်ငယ်မြေပြင်ပေါ် လူးလိမ့်နေတဲ့ ၂ယောက်ကို ကြည့်ပြီး
"ကျွန်တော် ခင်ဗျားကို သတ်မယ်လို့ ပြောထားတာ ယုံလား ငွေရီမှိုင်း....။ အင်း အခု ကျွန်တော် ခင်ဗျားကို သတ်တော့မှာ။

သူ့ပြတ်သွားတဲ့ဟာကို အုပ်ပြီး လရောင်ငယ် အနားကပ်သွားတော့ ကြောက်ကာ တဖြည်းဖြည်း နောက်ဆုတ်သွားတဲ့ ငွေရီမှိုင်းရဲ့ ခြေထောက်ကို လှမ်းဆွဲကာ

"နာလား..၊ ခင်ဗျား ကျုပ်ကို အလိုမတူဘဲ rape တုန်းကလည်း နာတယ်!! အသဲထဲထိအောင် နာကျင်တယ် ခင်ဗျားသိလား၊ ခန္ဓာကိုယ်မှာ ရတဲ့ ဒဏ်ရာထက် နှလုံးသားမှာ ကျန်ခဲ့တဲ့ အမာရွတ်က ပိုနာတယ်!"

My Lovely Night Bird Boy (Completed)Where stories live. Discover now