49

4.5K 246 39
                                    

Unicode
*********

"ဆိုးရိမ်စရာ မလိုတော့ပါဘူး ၊ ဦးလေး အားဆေးသွင်းပေးခဲ့မယ်၊ အားပြည့်ရင် ပြန်သတိရလာပါလိမ့်မယ်"

"ကျေးဇူးပါဆရာ၊ ဆေးဖိုးကို အဖေ့ဆီက ယူလိုက်နော်"
"ဟုတ်ကဲ့ပါဗျာ သခင်လေး"
"ဦးလေး ဆရာ့ကို ပြန်လိုက်ပို့ပေးလိုက်ဦး"
"ဟုတ်ကဲ့"

နေသူရိန် အိပ်မောကျနေတဲ့ ကလေးမကို ကြည့်ရင်း အိပ်ရာဘေး ဝင်ထိုင်လိုက်သည်။
"တောင်းပန်ပါတယ် ငါအဲ့လောက် မလုပ်လိုက်သင့်ဘူး...။ အကိုတောင်းပန်ပါတယ် တမာန်"

ဖြူဖျော့နေတဲ့ မျက်နှာထက်က ဆံနွယ်တစ်ချို့ကို သပ်သင်ပေးရင်း တီးတိုး ရွတ်မိသည်။

"အင်း..."

သူ့လက်ရဲ့ အအေးဓာတ်ကြောင့် အိပ်ပျော်ရာမှ တမာန်လူးလွန့်ပြီး မျက်လုံးပွင့်လာသည်။

"ကိုကိုကြီး...."
"တမာန်...."

တမာန် သူ့နဖူးထက်က ကိုကိုကြီးရဲ့ လက်ကိုဆွဲကိုင်လိုက်ပြီး

"ကိုကိုကြီး တမာန့်ကို ပစ်မထားခဲ့ပါနဲ့၊ တမာန်လိမ္မာပါ့မယ်..၊ တမာန် နောက်ကို မဆိုးတော့ပါဘူး..."

နေသူရိန် တမာန့်ကို ပြုံးကြည့်ရင်း

"ကိုကိုနောက်ထပ် တမာန့်ကို မပစ်ထားခဲ့တော့ဘူးနော်၊ တမာန့်အမှား မဟုတ်ပါဘူး၊ ကိုကိုကြီးကိုလည်း ခွင့်လွှတ်ပေးနိုင်မလား"
"ကိုကို့အမှား မဟုတ်ပါဘူး၊ မေမေက ခဏပဲ ပိတ်ထားမယ်လို့ ပြောပြီး တမာန်နဲ့ အပြင်သွားလိုက်လို့ မေ့သွားတာ၊ တမာန့်အမှားပါ.."

"ဟုတ်ပြီ ဒါဖြင့် ကိုကိုကြီးနဲ့ တမာန်နဲ့ နောက်‌ဆို ထပ်ပြီး ရန်မဖြစ်တော့ဘူးနော်..."
"ဟုတ် ရန်မဖြစ်တော့ဘူး.."

နေသူရိန် နာရီကြည့်တော့ မနက် ၂နာရီ ရှိနေပြီ။
"တမာန် အိပ်ဦးနော် ၊မိုးမလင်းသေးဘူး၊ တစ်ခုခုဖြစ်ရင် ခေါ်လိုက်၊ ကိုကို အဖေတို့ အခန်းမှာ ရှိမယ်"

"ဟုတ်.."

နေသူရိန် တမာန့်ကို စောင်ခြုံပေးပြီး အခန်းမီးပိတ်ကာ တံခါးစေ့လိုက်သည်။

"အား!!!!"

"ဘာလည်း ဘာဖြစ်တာလဲ တမာန်"

တံခါးပိတ်လိုက်တာနှင့် အလန့်တကြား ထအော်တဲ့ တမာန်ကြောင့် အခန်းမီးဖွင့်ကာ အထဲပြန်ဝင်လိုက်သည်။

My Lovely Night Bird Boy (Completed)Where stories live. Discover now