31

5.6K 328 29
                                    

Unicode
********

"အဖေ...၊သားတောင်းပန်ပါတယ်.."

ကြယ်စင်ထက်နှင့် စေတမာန် သူတို့နား ရောက်လာပြီး ကြယ်စင်ထက်က အဖေ့နား ဒူးထောက်လိုက်ပြီး တောင်းပန်လိုက်သည်။

"သားတောင်းပန်ပါတယ်အဖေ၊ သားမနေ့က မူးပြီး ဖြစ်ပျက်သွားတာတွေအတွက် သားမှာ တာဝန်ရှိပါတယ်၊ ဖြစ်ပျက်ခဲ့သမျှ အားလုံးကို သားတာဝန်ယူပါ့မယ်၊ အကိုကြီး စေတမာန်ကို သားလက်ထပ်ပါ့မယ်..."

စေတမာန် သူ့ရှေ့က ကောင်လေးစကားကြောင့်

"မင်းဒူးထောက်စရာ ဘာအကြောင်းမှ မရှိဘူး၊ မင်းကောငါကော မူးပြီး အမှတ်မထင် ဖြစ်ပျက်သွားတဲ့ ကိစ္စတစ်ခုပဲ၊ ပြီးတော့ ငါက ယောင်္ကျားတစ်ယောက် ၊တစ်ခါအိပ်မိရုံနဲ့ တာဝန်ယူရအောင် ငါဗိုက်ကြီးသွားတာလည်း မဟုတ်ဘူး..."

စေတမာန် သူ့အဖေကို ကြည့်ကာ

"အဖေ..သားအနားယူဖို့ လိုအပ်တယ်၊ သားအတွက် လေယာဉ်လက်မှတ် ပြင်ထားပေးပါ၊ ဟိုမှာ ပြန်သွားနေတော့မယ်၊ ကိုနေကိုလည်း ပြောလိုက်ပါ၊ သူနိုင်ပါတယ်လို့......၊ ကံကြမ္မာဆိုတာ အတုံ့အလှည့် ရှိစမြဲမလို့ သူ့အတွက် တစ်ဘဝလုံး ကံကောင်းနိုင်ပါစေ ဆုတောင်းပေးနေပါတယ်လို့...."

"သားငယ်....စိတ်လိုက်မာန်ပါ မဆုံးဖြတ်ပါနဲ့၊ အဖေ အကောင်းဆုံး ဖြေရှင်းပေးပါ့မယ်.."

ဦးစိုင်းပြည့်စုံ လက်ရှိ အခြေနေကို နားမလည်နိုင်သေးသော်လည်း

"မောင်ရင်...အဲ့...သားလို့ ခေါ်ရမှာပေါ့နော်၊ သား မသွားပါနဲ့၊ ဦးရဲ့သားလုပ်ခဲ့တဲ့အပေါ် ဦး အပြည့်ဝ တာဝန်ယူပါတယ်၊ သားကို သေသေချာချာ လက်ထပ်ယူခိုင်းပါ့မယ်၊ သားအပေါ် ...."

"လက်ထပ် ယူခိုင်းပါ့မယ်? ကျွန်တော်က ဟိုဘက်လူယူ ဒီဘက်လူယူနဲ့ ပုတ်ထုတ်နေရအောင် ကစားစရာ မဟုတ်ဘူး၊ ဘယ်သူမှလည်း တာဝန်ယူစရာ မလိုဘူး၊ အဖေ ညနေအမှီ လေယာဉ်လက်မှတ် ဖြတ်လိုက်တော့..."

‌ကြယ်စင်ထက် မျက်နှာငယ်နှင့် မော့ကြည့်လိုက်ပြီး

"အကိုကြီး တောင်းပန်ပါတယ်...၊ကျွန်တော်..ကျွန်တော်.."

My Lovely Night Bird Boy (Completed)Where stories live. Discover now