37

4.4K 278 13
                                    

Unicode
*********

"ကိုကိုးရေ ငယ် ဒီနေ့ ဘွဲ့ရပြီဗျ၊ ငယ်တို့ အဝေးသင်က ကိုကိုးတို့လို ၅နှစ် မတက်ရဘဲ ၃နှစ်နဲ့ ဘွဲ့ရတယ်လေ ၊ဟီးဟီး ငယ် အခုဆို မမဂျက်ဆီကာဆိုင်မှာ ရှယ်ရာဝင်ပြီး ပိုင်ရှင်ပေါက်စလေး ဖြစ်နေပြီဗျ၊ မမဂျက်‌ဆီကာရဲ့ ကောင်မလေးက မနေ့က အရမ်းရီရတယ် သိလား၊ မမဂျက်ဆီကာကို ဆိုင်မှာ လက်ထပ်ခွင့်တောင်းတာ မမက ရှက်ပြီး ပန်းစည်းနဲ့ လိုက်ရိုက်တာ တစ်ဆိုင်လုံး ပတ်ပြေးနေရတယ် ဟီးဟီး၊ ကိုကိုးရေ......မမဂျက်ဆီကာ ကျေးဇူးနဲ့ ငယ်အခုတော့ သေချာသိသွားပြီ၊ ငယ် ကိုကိုးကို ချစ်တယ်......."

၁၄၆၀ မြောက် စာအိတ်ကို ချိတ်ပိတ်ပြီး စားပွဲအသစ်က အံဆွဲထဲ ထည့်လိုက်သည်။

ဒီနေ့က ကိုကိုးထွက်သွားတာ ၄နှစ်ပြည့်တဲ့နေ့၊ ငယ် ဘွဲ့ရတဲ့နေ့ ။ ငယ် ကိုကိုးကို ချစ်တာ သေချာသွားပြီဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်နိုင်တဲ့နေ့။

မြူခိုး မမဂျက်ဆီကာအတွက် ခရုလက်ကောက်လေး ဝယ်ကာ လက်ဆောင်ပေးရန် စဉ်းစားလိုက်သည်။

သူ ကိုကိုးရဲ့ အချစ်ကို လက်ခံလာနိုင်တာ မမဂျက်ဆီကာရဲ့ ကျေးဇူးတွေပါသည်။

မြူခိုး ပန်းဆိုင်မှာ အလုပ်လုပ်တာ ၃လကျော်တဲ့နေ့မှာ မမလိုပင် နောက်ထပ် မျက်ဝန်းပြာပြာနှင့် မမလှလှတစ်ယောက် ဆိုင်ထဲဝင်လာပြီး မြူခိုးရှေ့တွင်ပင် ဖက်ကင်းသလဲ နမ်းရှုံ့နေတာ မြင်တော့ မြူခိုးခမျာ တစ်ကိုယ်လုံး အကြောအချင်တွေ တောင့်ကာ အသိစိတ်လွတ်သွားတော့သည်။

မိန်းကလေး ၂ဦးက လူမြင်ကွင်းမှာ ချစ်သူတွေလို နမ်းရှိုက်လို့ ရသည်ပေါ့?။

ဂျက်ဆီကာ သူမချစ်သူနှင့် အဝနမ်းပြီးမှသာ သတိရသည် ။သူမတို့ရှေ့မှာ မြူခိုးဆိုတဲ့ ချာတိတ်လေးတစ်ယောက် ရှိနေသေးတာကို။

"ဟဲဟဲ ဒါ အိုင့်ကောင်မလေးလေ ၊ အဲရစ်တဲ့၊ အဲရစ် ဒါ မြူခိုးတဲ့ ဆိုင်အတွက် ခေါ်ထားတဲ့ ချာတိတ်လေး.."

"Hello..မူခိုး..."

"ခစ်ခစ် ၊sorry မြူခိုး အိုင့်ဒါလင်က မြန်မာစကား သိပ်မကျွမ်းဘူး၊ ထမင်းစား ရေသောက်လောက်ပဲ ရတာ..၊လေသံလဲ ဝဲတယ်..."

My Lovely Night Bird Boy (Completed)Where stories live. Discover now