40

10.3K 288 19
                                    

Unicode
*********

ငါးနှစ်.....။
ငါးနှစ်ဆိုတဲ့ အချိန်အတွင်းမှာ စိုင်းပြည့်စုံဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်‌တဲ့ ဆရာဝန်တစ်ဦး ဖြစ်လာသလို မြူခိုးဟာလည်း ဂျက်ဆီကာဆီက ပန်းဆိုင်ကို အပြီးဝယ်ယူလိုက်ကာ ဆိုင်ရှင်သူဌေးပေါက်စလေး ဖြစ်လာခဲ့သည်။

ပြောရမည်ဆိုလျှင် ၂ဦးလုံးဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ လူသားကိုယ်စီ ဖြစ်လာခဲ့ပြီး ဒေါ်ယိမ်းသွင်ဟာလည်း သူမ စကားအတိုင်း စိုင်းပြည့်စုံနှင့် မြူခိုးကို တရားဝင် သဘောတူညီမှု ပေးခဲ့သည်။

"သား တော်တယ်၊ ယောင်္ကျားကောင်းဆိုတာ ကိုယ့်အိမ်ထောင်ဖက်ကို ကာကွယ်ပေးနိုင်ရမယ်၊ နွေးထွေးပေးနိုင်ရမယ်၊ အိမ်ထောင်တစ်ခုကို ထိန်းသိမ်းပေးနိုင်ရမယ်၊ ပြဿနာတွေ ရှိလာတိုင်း အိမ်ထောင်ဦးစည်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အညီ အရာရာကို ဦးဆောင် ဖြေရှင်းပေးနိုင်ရမယ်....၊သား ဒါတွေအားလုံးကို လုပ်ပေးနိုင်တာ သေချာပြီလား.."

"ဟုတ်အမေ..၊ သား နှုတ်နဲ့ပေးတာထက် လုပ်ရပ်နဲ့ သက်သေပြပါ့မယ်.."

"ကောင်းပြီ ဒါဖြင့် အမေ့သားငယ်လေး မြူခိုးကို သားလက်ထဲ စိတ်ချစွာ အပ်နှံပါရစေ..."

"အမေ......"

"သားငယ် မြူခိုး.."

"ဟုတ် မေမေကြီး.."

"သားက အခုဆို အိမ်ထောင်ရှင်မ တစ်ယောက် ဖြစ်သွားပြီနော် သားလေး၊ စီးတဲ့ရေ ဆည်တဲ့ ကန်ဇင်း ‌ဆိုသလို မိသားစု တစ်စုရဲ့ အရာအားလုံးဟာ အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ ပုခုံးပေါ် တာဝန်ရှိတယ်၊ အမေ့သားလေးက ဒီအိမ်ထောင်ရေးကို အကောင်း‌ဆုံး ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်နော်....."

"ဟုတ်ကဲ့ မေမေ.."

"ဒါဆို အမေ့သားကြီးကို သားလက်ထဲ စိတ်ချစွာ အပ်နှံလိုက်ပါတယ် သားလေးရေ..."

"ကျေးဇူးတင်ပါတယ် အမေ"

စိုင်းပြည့်စုံနှင့် မြူခိုး ဒေါ်ယိမ်းသွင်ကို လက်ဆယ်ဖြာ အုပ်မိုးလျက် ဦးချ ကန်တော့လိုက်သည်။

ဒီနေ့က သူတို့နှစ်ဦးရဲ့ လက်ထပ်ပွဲနေ့ ၊‌ ရှေ့နေ့တစ်ယောက်နှင့် အသိသက်သေအဖြစ် နွယ်တို့ မိသားစုနှင့် နှစ်ဖက် မိဘအဖြစ် ဒေါ်ယိမ်းသွင်နှင့် ဦးအုန်းတို့က လက်မှတ်ထိုးခဲ့ကြပြီး လူ ၉ယောက်သာ သိခဲ့တဲ့ မင်္ဂလာဆောင်ပွဲလေးဟာ တိတ်တဆိတ်သာ ပြီးဆုံးသွားရသည်။

My Lovely Night Bird Boy (Completed)Where stories live. Discover now