10

9.8K 617 49
                                    


Unicode
********

*ဒင်!!*

ရုတ်တရက် နှိုးစက်မှ အသံကြောင့် လရောင်ငယ် ကျိန်းစက်နေတဲ့ မျက်ဝန်းတွေကို ဖွင့်လှစ်လိုက်သည်။

သူ့ဘယ်ဖက် လက်ဖျံဟာ တဆစ်ဆစ် ကိုက်ခဲလို့နေပြီ။

တစ်ညလုံး ဆေးအရှိန်နှင့် အသိစိတ်လွတ်သွားတာကြောင့် ဒဏ်ရာကိုလည်း ဂရုမစိုက်ဖြစ်။

အပေါ်ယံ လက်ဖျံအရေပြားကိုသာ လှီးဖြတ်မိသည့်အတွက် ဒဏ်ရာက အရမ်းတော့ မပြင်းထန်လှ။ သို့သော် တစ်ညလုံး သွေးထွက်များပြီး သွေးဆုံးရှေားထားတာကြောင့် လူက မူးနောက်နောက် ဖြစ်နေသည်။

ရေချိုးခန်းထဲဝင်ကာ ဖြစ်သလို သန့်ရှင်းရေးလုပ်ရင်း ဒဏ်ရာကို မမြင်ဟန်ဆောင်ကာ မနက်စာ ကော်ဖီတစ်ခွက်နှင့် ဗိုက်ဖြည့်လိုက်ပြီး ကျောင်းသို့ထွက်လာခဲ့သည်။

ကိုကိုက မနေ့က မြို့ထဲက စံအိမ်မှာ သွားအိပ်တာမလို့ သူ့ကို လာမကြိုနိုင်။

လာကြိုမည်ဆိုလျှင်တောင် ဤ အခြေနေမျိုး၌ ကိုကို့အပေါ် မျက်နှာခြင်း မဆိုင်ရဲ။

ကိုကို့အကြောင်း တွေးသည်နှင့် နှလုံးသားက နာကျင်လာကာ ကျောင်းသို့သွားမည့် ခြေလှမ်းများက ရှေ့ဆက်၍ လျောက်လှမ်းရန် အားအင်မရှိ.....။

"ဒီကိစ္စကို ဂေဟာက သေချာ ဖုံးကွယ်ထားပေးမယ်ဆိုပြီး ၊ဘာကိစ္စ အပြင်လူသိသွားရတာလည်း...!!!!"

ဒေါသက တလိပ်လိပ် ထွက်လာကာ ကျောင်းသွားမည့်ခြေလှမ်းများက ဂေဟာဆီသို့ ဦးတည်ချက် ပြောင်းလိုက်သည်။

"အကို အဒေါ်ရှိလား.."

"ဟ..ဒီလိုအချိန်ကြီး မလာစဖူး အလာထူးပါလား ၊ ဘာလည်း မင်းရဲ့ master က ဒီနေ့ခေါ်ထားတာလား.."

"မဟုတ်ပါဘူး....၊ တစ်ခြားကိစ္စရှိလို့ အဒေါ်နဲ့ တွေ့ချင်လို့ပါ...."

"ရှိတယ် ၊ခဏစောင့် သူ့မိတ်ဆွေတွေနဲ့ ဖဲဝိုင်းထောင်နေတယ်ထင်တယ်..၊ သွားပြောပေးမယ်.."

"ကောင်းပြီ၊ ကျွန်တော် အခန်းထဲက စောင့်မယ်."

လရောင်ငယ် သူ့ အတွက်ဆိုကာ Sun ဝယ်ပေးထားတဲ့ အထူးခန်းထဲ သွားထိုင်စောင့်နေလိုက်သည်။

My Lovely Night Bird Boy (Completed)Where stories live. Discover now