33

5.4K 312 12
                                    

Unicode
********

"ငယ်ရေ....."
"ဗျာ ကိုကိုး.."

"သင်တန်းသွားမယ်လေ...အဝတ်စားလဲတော့..."

"ငယ် ဒီမှာ အမှိုက်လှည်းလို့ မပြီးသေးဘူး ကိုကိုး၊ ကိုကိုးသွားနှင့် ပြီးမှ ငယ် လိုက်ခဲ့မယ်...."

စိုင်းပြည့်စုံ သူ့ရဲ့ ဂျင်းဘောင်းဘီကို ခေါက်တင်လိုက်ပြီး

"လာ ကိုကိုးပါ ကူလှည်းမယ်.."

"ဟာ မေကြီးဆူလိမ့်မယ်..၊ကိုကိုး သွားထိုင်နေပါ ၊ငယ်လုပ်လိုက်မယ်.."

"မရပါဘူး အတူတူလုပ်မယ်..."

ငယ့်လက်ထဲက တံမြတ်စည်းကို ဆွဲယူရင်း အပင်အောက်က အမှိုက်တွေကို စုပုံလိုက်ပြီး ကြုံးကာ ပစ်လိုက်သည် ။

"ကိုကိုးနော်...အသက်ပဲ ၂၀ရှိပြီ ၊ငယ်နဲ့ လိုက်ပြိုင်နေတာလား..."

မြူခိုး သူ့စကား နားမထောင်ဘဲ လုပ်ချင်ရာ လုပ်နေတဲ့ ကိုကိုးကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။

စိုင်းပြည့်စုံလည်း ငယ်လုပ်သလို အမူရာ လိုက်လုပ်ကာ

"ငယ်နော်...အသက်ကဖြင့် ၁၆နှစ်ရှိပြီ ၊ ကိုကိုးကို လိုက်ပြိုင်နေတာလား..."

မြူခိုး ခေါင်းခါလိုက်ပြီး

"ကြည့် အဝတ်တွေ ပေကုန်ပြီး ၊ခဏနေ သင်တန်းသွားရတော့မှာကို ၊ အဝတ်သွားလဲတော့ ၊ငယ်လဲ အဝတ်စားသွားလဲဦးမယ်...."

"ဟုတ်ပြီ ပြီးရင် စက်ဘီးထုတ်ပြီး ခြံရှေ့မှာ စောင့်နေ ၊ကိုကိုးနင်းမယ် ဟုတ်ပြီလား.."

"ဟုတ်..."

စိုင်းပြည့်စုံ အိမ်ကြီးပေါ်ကို တက်သွားတော့ ငယ်လည်း အိမ်နောက်က အလုပ်သမား တန်းလျားကို ပြန်လာပြီး အဝတ်စား လဲလိုက်သည် ။

"ဘဘရေ ငယ် ကိုကိုးနဲ့ သင်တန်းလိုက်သွားဦးမယ်..."

"သခင်လေးကို စက်ဘီးသေချာနင်းခိုင်းဦး အရမ်းမြန်မြန် မစီးနဲ့လို့.."

"ဟုတ် ဘဘ.."

စိုင်းပြည့်စုံ အိမ်ပေါ်တက်ပြီး ပြန်ထွက်လာတော့ ဧည့်ခန်းထဲ ထိုင်နေသော အမေက

My Lovely Night Bird Boy (Completed)Where stories live. Discover now