39

4.7K 283 14
                                    

Unicode
********

"ဖြန်း.."

နီရဲသွားတဲ့ ပါးပြင်တစ်ဖက်ကို နွယ်အုပ်ကိုင်ရင်း

"တောင်းပန်ပါတယ်အမေ၊သမီးကို ခွင့်လွှတ်ပေးပါ"

"သမီးမိုက်၊ မိုက်မဲလိုက်လေခြင်း၊ မအေက ကောင်းစေချင်လို့ လက်နဲ့ရေးတာ ၊ညည်းက ခြေနဲ့ဖျက်တယ်၊ ငါသမီးလေး ဆရာဝန် ကတော်ဆိုတဲ့ ဂုဏ်လေးနဲ့ ပတ်ဝန်းကျင်မှာ ဦးမော့ပြီး နေနိုင်အောင် မအေက ပံ့ပိုးပေးသလောက် ညည်းက အမှိုက်တွင်းထဲ ခုန်ခုန်ဆင်းနေတာ ၊သွား.....ထွက်သွား ညည်းလို သမီးမိုက်မျိုး ငါ့မှာ မရှိဘူး၊ ထွက်သွား....၊ ငါသေရင်တောင် ငါ့အသုဘ မလာနဲ့ ၊ လမ်းတွေ့ရင်လည်း ငါ့ကို အမေလို့ လာခေါ်စရာ မလိုဘူး....သွား......"

ဒေါ်နွယ် ဒေါသကြောင့် သွေးစောင့်ထိုးပြီး သတိလစ်သွားတော့သည်။

"မေမေ ..မေမေ..၊လုပ်ပါဦး...မေမေ"

အိမ်က ဒါရိုက်ဘာနှင့် ဆေးရုံကို ခေါ်သွားပြီ ကိုစိုင်းထံ ဖုန်းလှန်းဆက်လိုက်သည်။

"အမေ သတိလစ်သွားလို့ ညီမကို ကူပါဦး အကိုရယ်.."

စိုင်းပြည့်စုံ ဖုန်းလက်ခံလိုက်ပြီး

"စိတ်အေးအေးထားနော် နွယ်၊ အကို အခုချက်ခြင်း လာခဲ့မယ်.."

"မမနွယ် ဘာဖြစ်လို့လဲဟင်"

"အန်တီ သတိလစ်သွားလို့တဲ့ ၊ဆေးရုံ လိုက်သွားကြည့်ရမယ်"

"ငယ်လည်း လိုက်မယ်"
"အတူ သွားကြည့်ကြတာပေါ့"

စိုင်းပြည့်စုံ ထွက်လာခါနီး အမေပါ သိသွားတာကြောင့် ၃ယောက်လုံး ဆေးရုံသို့ ထွက်လာခဲ့သည်။

ဒေါ်ယိမ်းသွင် အ‌ကြောင်းစုံ သိသွားပြီးနောက်မှာတော့ သူမသားကို လူရှင်းတဲ့ နေရာသို့ ဆွဲခေါ်သွားလိုက်သည်။

"သား ဒါ သားလက်ချက်မဟုတ်လား၊ သားနဲ့ နွယ် ဟိုမှာ ငါးနှစ်လုံး အတူရှိခဲ့တာ သားမသိစရာ အကြောင်းမရှိဘူး၊ သား သိရက်နဲ့ တမင် အမေတို့ကို ဖုံးကွယ်ခဲ့တာ"

"သားတောင်းပန်ပါတယ်၊ သား နွယ့်အပေါ် ညိမလေး တစ်ယောက်ထပ်ပိုပြီး စဉ်းစားပေးလို့မရဘူး"

My Lovely Night Bird Boy (Completed)Where stories live. Discover now