Episode 14✨🍁

Start from the beginning
                                    

"ဥဥ..."

ဧကလေးအသံကြောင့် လင်းမိုနားကြားမှားသလားဆိုပြီး ကြောင်တောင်သွားရသည်။
"ဧကလေးလား...."

"ဝုတ်ဥဥ..."

"အမယ် ဒီလူလည်အတက်လေးက ဖုန်းတောင်ခေါ်တက်နေပါလား...ပြောပါဦး ဧကလေးက ဦးဦးဆီဘာလို့ခေါ်တာလဲဗျ..."

"ဥဥ..တားတိုရာထော် ..."

"ဟမ်..."

"ရာထော်ယို့...ဒယ်ဒီတ တားတိုထားတွားရယ်..."

"အမ် Bossက ဧကလေးကို မခေါ်ဘူးလား..Bossက ဒီနေ့ ဦးဦးတို့ရုံးခွဲကိုမလာဘူး ဧကလေးရဲ့...ရုံးချုပ်မှာ အစည်းအဝေးလုပ်နေတယ်..."

"ချီးဝေး .."

"အွန်း ချီးဝေး ..အာ အစည်းအဝေးပြောတာ အဲ့ဒါကြောင့် ဧကလေးကိုထားခဲ့တာပါ..."

"ရဝူး..ဥဥ ရာထော် ဧတယေးတ ပါးပါးတိုတွေ့ရင်ရယ် ...."

*ပါးပါး..အော် ဟိုပုန်းညက်ဦးညိုဆိုတဲ့တစ်ယောက်လား..."

"ဝုန်းရက်ဥယိုဝုတ်ရယ်...ဧတယေးရဲ့ပါးပါး ဝုန်းရက်ဥယို..."

"ဟားးးဟုတ်ပါပြီ...ဦးဦးလာခေါ်မယ် စောင့်နေနော် ..."

"ဝုတ် ရရယေးဝတ်ရားရယ်..."

"အေးပါကွာ လှလှလေးဝတ်ထားပါ...."
လင်းမို ဖုန်းချရင်း ပြုံးလိုက်သည်။ဒီအတက်လေးနှင့် စကားပြောရသည်မှာ လင်းမိုကိုအသက်ရှည်စေသည်။
ထို့နောက် Bossအိမ်ကိုသွားဖို့ ထွက်လာလိုက်သည်။
"ဟူးးးဘဝက ရုပ်ကလေးကချောပေမယ့်ကောင်မလေးကမရှိ ..ဒီထဲ bossတို့သားအမိကအနိုင်ကျင့်သေး ...သာယာမနေပါဘူး...ဒီလိုချိန် ချစ်စရာတီတီတာတာညီမလေးတစ်ယောက်နဲ့သာတွေ့လိုက်ပါတော့လားလို့..."

***************

"ဦးညိုလေးရေ မြတ်နိုးကို ဟိုစာရွက်လေးလှမ်းပါဦး...."

"အာ ဟုတ်ကဲ့..မမြတ်နိုး...ဒီစာရွက်လေးလား..."
ဦးညို မချစ်မြတ်နိုးညွှန်ပြသည့် စာရွက်‌ကို လှမ်းပေးလိုက်သည်။
စားပွဲခုံတွေမှာ ကပ်လျက်ဖြစ်နေပြီး ဦးညိုက မချစ်မြတ်နိုးတိူ့နှင့် တစ်တန်းထဲဖြစ်‌သည်။
ဆောက်လုပ်ရေးပိုင်းလည်း တူ‌သူဖြစ်သောကြောင့် ဦးညို သင်ယူစရာရှိတာများကိုသင်ယူရင်း တိုလီမုတ်စများကိုလည်း လိုက်ကူလုပ်ပေးပြီး တစ်ရုံးလုံးရဲ့အချစ်တော်လေးဖြစ်နေလေပြီဖြစ်သည်။

My Universe is Oo Nyo 💫✨(Complete)Where stories live. Discover now