အပိုင်း(၃၆) Final

Start from the beginning
                                    

"ဘယ်သူလဲ!"

ဒေါ်မာဦးက ယောင်းမတစ်ချောင်းနဲ့ ရန်ကိုကာကွယ်မည့်သူနှယ် ပြုမူလို့နေပါသည်။ ဒါပေမယ့် သူမရဲ့မျက်လုံးတွေက အဖြူရောင်အသားအရေနဲ့Skyကို အံ့ဩစွာငေးမောနေမိသည်။

"ကျွန်တော်ကိုတင့်ထူးနဲ့လာတာပါ၊ ကိုရေညိုရစ်နဲ့လည်းသိပါတယ်၊ စကားလေးနည်းနည်းပြောချင်လို့ပါ"

"တင့်ထူး...ရေညိုရစ်..."

နိုင်ငံခြားသားတစ်ယောက်က အိမ်အထိလာလေတော့ ဒေါ်မာဦးခပ်လန့်လန့်တော့ရှိသည်။ ဒါ့ကြောင့် Skyက အိမ်ရှေ့ကတင့်ထူးကိုသွားပြန်ခေါ်ရသည်။ တင့်ထူးက သူ့မိတ်ဆွေပါရှင်းပြမှ ဒေါ်မာဦးကလက်ခံစကားပြောလေသည်။ နောက်ဆုံးတော့ အိမ်မကြီးရဲ့အောက်ထပ်က အေးကုတင်ပေါ် Skyထိုင်ခွင့်ရသွားခဲ့၏။

"အန်တီ့နာမည်က ဒေါ်မာဦး ဟုတ်ပါတယ်နော်၊ ကျွန်တော့်နာမည်က Skyပါ"

"ဘာပြောစရာရှိသတုန်း၊ ကျုပ်ဆီအဖြူကောင်တစ်ခါမှမလာဖူးပေါင်တော်"

‌Skyကို ဒေါ်မာဦးက အဖြူကောင်ဟုသာသုံးနှုန်းသည်။ ဒါ့အပြင် ဗမာစကားတတ်သည်မို့ သူမရဲ့စူးစမ်းကြည့်တွေက ရေဒါတစ်ခုနှယ် Skyအပေါ်သို့ဖြာကျလျက်ရှိသည်။

"ကျွန်တော်က ကိုရေညိုရစ်ရဲ့အမျိုးသားပါ၊ သူနဲ့ မကြာသေးခင်က လက်ထပ်ထားပါတယ်"

"ဘာ!"

Skyစကားအဆုံးမှာ ဒေါ်မာဦးက ဒေါသတကြီးအော်ပြီး မတ်တပ်ထရပ်လိုက်သည်။ ရုတ်တရက် ထဘီကိုပြင်ဝတ်ကာ Skyကိုနှင်ထုတ်သည်။

"ထွက်သွားစမ်း! နင်တို့ယောက်ျားချင်းယူတဲ့အကြောင်းတွေ ကျုပ်မကြားချင်ဘူး"

Skyက အပြုံးမမည်သောအပြုံးတစ်ချက် ပြုံးလိုက်သည်။

"ကျွန်တော်ပြောတာလေးဆုံးအောင်နားထောင်ပေးချင်လားအန်တီ၊ ကျွန်တော် အခုလိုလာတွေ့တာကို ကိုရေညိုရစ်မသိပါဘူး၊ အန်တီကိုသိစေချင်တာလေးတွေရှိလို့ လာခဲ့တာပါ၊ နားထောင်ပေးမယ်လို့မျှော်လင့်ပြီးလာခဲ့တာပါ"

အေးဆေးသောစကားတို့ကို တည်ငြိမ်သောလေသံဖြင့်ပြောနေတာကြောင့် ဒေါ်မာဦးရဲ့ပေါက်ကွဲနေတဲ့ဒေါသတွေဟာ တစ်ခဏချင်းငြိမ်သက်သွားသည်။ မပြုံးမရယ်ခပ်တည်တည်နဲ့Skyရဲ့မျက်နှာထားဟာ ဒေါ်မာဦးကို ပြန်ထိုင်စေသည်။ ဒေါ်မာဦးက ရင်လေးနိမ့်ချည်မြင့်ချည်နဲ့ အသက်ပြင်းပြင်းရှူနေပြီး Skyကိုစိုက်ကြည့်နေ၏။ ပြီးနောက်မှာတော့

ရွှေညာမြေမှနှစ်ပါးသွားOn viuen les histories. Descobreix ara