အပိုင်း(၃၄)

4.8K 591 59
                                    

(Unicode+Zawgyi)

တကယ်ချစ်ရင် ကာကွယ်ပေးရမှာတဲ့... ရှေးရေစက်မကုန်လို့ ဒီဘဝမှာပြန်ဆုံခဲ့တယ်... ကံကြမ္မာကိုကျေးဇူးတင်ရင်း အမြတ်တနိုးချစ်သွားပေးမယ်... အတိတ်ဘဝကဖူးစာပါခဲ့တယ်ဆိုတဲ့အဖြစ်ကြီးမရှိရင်တောင် မင်းတစ်ယောက်ကိုပဲ တစ်သက်လုံးချစ်သွားပေးမယ်... ယုံကြည်စေချင်ပါတယ်... ဒီဘဝမှာတော့ ကာကွယ်ပေးမယ်...

နယူးဇီလန်သို့ လက်ထပ်ပွဲကျင်းပရန်သွားကြသောသူတို့နှစ်ဦးဟာ ၁၃နာရီကျော်ကြာပြီးနောက်မှာတော့ Christchurch Airportဆီရောက်လာခဲ့ကြပြီဖြစ်သည်။ နိုင်ငံခြားခရီးဟူ၍ အိပ်မက်ထဲ၌ပင်ထည့်၍မမက်ခဲ့ဖူးသောရေညိုရစ်ဟာ မျက်လုံးလေးတွေပြူးကျယ်လျက် ပတ်ဝန်းကျင်ကို မရပ်မနားရှူ့စားနေလေသည်။ ဒီဇင်ဘာလဟာ နယူးဇီလန်မှာတော့ နွေအခါဖြစ်သည်။ နေရာတိုင်းမှာ ရွှေအိုရောင်နေရောင်ခြည်လေးတွေနဲ့ နွေးနွေးထွေးထွေးရှိလှသည်။

"ပူတယ်နော်အချစ်"

Skyက လက်ဖဝါးကိုယပ်တောင်သဖွယ် မျက်နှာအနားတဖျက်ဖျက်ခပ်ကာ ရေညိုရစ်ကိုစကားဆိုသည်။

နယူးဇီလန်ရဲ့နွေရာသီဆိုတာ တကယ်တော့ မြန်မာနိုင်ငံရဲ့ဆောင်းရာသီပင်။ အပူချိန်မှာ ၃၀°Cအောက်တောင်လျော့နေလေသည်။ ဒါကိုSkyကပူတယ်ပြောတော့ ရေညိုရစ်မျက်စောင်းထိုးမိ၏။

"ဒီလောက်အေးနေတာကို...ခင်ဗျားရူးများနေသလား"

သတို့သားလောင်းအား အခုလိုမညှာမတာစကားပြောသူဆိုလို့ ရေညိုရစ်တစ်ယောက်ပဲရှိပါလိမ့်မည်။ အနိုင်ယူတဲ့လေသံနဲ့ပြောတော့လည်း Skyပြုံးမိပြန်ပါ၏။ ရေညိုရစ်ပုံစံကိုကြည့်မိပြန်တော့လည်း ဘယ်နေရာရောက်ရောက် အညာသားမူဟန်မပျက်အောင် ဝတ်စားထားလေသည်။ ဘောင်းဘီမဝတ်နိုင်ဟု ခပ်မာမာငြင်းတာကြောင့် အခု နယူးဇီလန်အထိ ပုဆိုးနဲ့ရောက်လာသည်။ ဒါကိုတွေးမိပြီး Skyအသံထွက်ရယ်မိ၏။

"ဘာရယ်တာတုန်း"

"ဘာမှမဟုတ်ပါဘူးဗျာ...မောင်ကအချစ်အကြောင်းတွေးမိလို့"

ရေညိုရစ်က တစ်ခုခုပြန်ပြောမည်အလုပ် Castle Hillကိုလိုက်ပို့မယ့်ကားရောက်လာလေပြီ။

ရွှေညာမြေမှနှစ်ပါးသွားNơi câu chuyện tồn tại. Hãy khám phá bây giờ