အပိုင်း(၆)

6.1K 809 52
                                    

(Unicode+Zawgyi)

နေ့မွန်းမတည့်မီအချိန်လေးဖြစ်သည်။ ထမင်းစားချိန်တောင်ရောက်ပြီမို့လို့ နီးစပ်ရာဆိုင်တစ်ခုမှာထမင်းဝင်စားချင်သော်လည်း ပုဂံမှာဆက်လက်ရှိနေချင်တဲ့ဆန္ဒမရှိတော့။ ညောင်ဦးကိုသာအမြန်ပြန်ချင်နေပြီ။ သို့ပေမယ့် ရွာထဲမဝင်ချင်။ လင်းထွဋ်မျက်နှာကိုမကြည့်ချင်တာကြောင့် ရေညိုရစ်တစ်ယောက် ပုဂံနဲ့ ညောင်ဦးကြားထဲမှာ ဗျာများနေရသည်။

"ဗိုက်ကလည်းဆာ...ငါကတော့ ကိုယ့်လူနဲ့အတူစားရမယ်မှတ်တာ၊ သူ့မလည်း ယောက်ျားတန်မဲ့ စိတ်ကတော်တော်သေးတယ်"

Skyကိုတမ်းတပြီး ပြစ်တင်စကားဆိုသည်။

Skyကအနားမှာမရှိတော့တဲ့အတွက် ပုဂံမှာနေရာတာအိုက်လာသလိုရှိသည်။ ရေညိုရစ်ရဲ့စိတ်အစဉ်ဟာ ဘယ်လိုဘယ်ပုံရှိနေမှန်းခန့်မှန်းရခက်သည်။ ပုဂံသားတစ်ယောက်က ပုဂံမြို့ထဲမှာ တစ်ယောက်သောသူလစ်ဟာသွားတာနဲ့ မနေနိုင်ရတော့တဲ့အထိ ဘာ့ကြောင့်များဖြစ်လာရတာလဲ။

"လယ်ထဲပဲသွားတော့မယ်၊ ဆိုင်ကယ်လည်းမရှိဘူး၊ ညကျရင်တော့ ‌ကြွက်တက်တော့မယ်ထင်ပါတယ်ကွာ"

ရေညိုရစ်က လောကနန္ဒာဘုရားရှေ့တွင် မြင်းလှည်းရပ်ကာ ပေါင်းမိုးတွင်းဝင်၍ညီးနေ၏။ မိုးကုန်ခါနီးမို့လို့ မိုးငွေ့မိုးသက်ကင်းပါးစပြုနေပြီး နေရှိန်တဝင်းဝင်းနဲ့ ချွေးပြန်ရသည်။

"မြင်းလှည်းအားလား"

"မအားဘူး!"

"အားလားလို့.."

"မအားပါဘူးဆို!"

"တကယ်မအားဘူးလား"

"ကျစ်! ကျုပ်မလိုက်ဘူး..."

"သေချာတယ်နော်"

သိပ်ရစ်တတ်တဲ့ခရီးသည်ဆိုပြီး မျက်နှာပေါ်တင်ထားတဲ့ပဝါကိုဖယ်ကာ ပေါင်းမိုးပြင်ပသို့ ခေါင်းစောင်းကြည့်လိုက်သည်။

"ဟာ! ကိုယ့်လူ..."

Skyကိုမြင်လိုက်ရတော့ ရေညိုရစ်မျက်နှာဟာ ရေဖြန်းခံရတဲ့ပန်းနှယ် လန်းလို့လာပါသည်။

"ကျွန်တော်သွားပြီ"

"ဟ နေပါဦးကိုယ့်လူ.."

ရွှေညာမြေမှနှစ်ပါးသွားWhere stories live. Discover now