"အဆင်ပြေသွားမှာပါနော်...မေမေလေးကိုကြည့်ပါဦး...ခဏလေးပဲနာမှာနော် ကလေးလေးအပြင်ထွက်လာတာနဲ့သက်သာသွားမှာသိလား...မေမေ့သားလေးက သန်မာပါတယ်..."
"အဟီး...ဟုတ်..."
မေမေလေး၏စကားကြောင့် ဦးညို မျက်ရည်များကြားမှပြုံးလိုက်သည်။
မေမေလေးနှင့်သူ့ကြားမှာ ဆက်ဆံရေးတွေအများကြီးတိုးတက်လာသလောက် သူပျော်ရွှင်ရပါသည်။
သူ့အပေါ်အားနာနေတာလား
သနားနေတာလား
အပြစ်ရှိသလိုခံစားနေရလို့လား
စသည်ဖြင့် ဘာအကြောင်းကြောင့် ခုလိုပြောင်းလဲလာရသလဲဆိုသည့် အကြောင်းအရင်းကိုလည်း သူတွေးမနေတော့ ။ဒီတိုင်းလေး ..ဒီတိုင်းလေးပဲ သူ့ဘဝကိုဖြတ်သန်းသွားချင်လေသည်။
သူ့ဘဝတွင် ဖေဖေကိုဆုံးရှုံးခဲ့ရပြီးသည့်နောက်
ယခု သူနှင့်သက်ဆိုင်ခွင့်မရှိသည့် သားသားလေး ...
နောက်ထပ် မည်သည့်အရာကိုမှမဆုံးရှုံးချင်တော့၍ သူကာကွယ်ရမည်။သူ့ရဲ့ပျော်ရွှင်မှူကို သူကာကွယ်ရမည်။ဒေါက်တာNi ဦးညိုလေးကို ခွဲခန်းထဲထည့်ရတော့မည်ဖြစ်၍ မင်းမြတ်ကုဋေဟန်ဆီလှမ်းဆက်သွယ်လိုက်သည်။
"ဟယ်လို..မောင်ကုဋေ ..."ကုဋေ နှစ်ချုပ်စာရင်းများကို စစ်ဆေးနေခိုက် ဒေါက်တာဖုန်းဝင်လာသဖြင့်
ကိုင်လာသည်။
"ဟုတ်ကဲ့ ဒေါက်တာ...""အငှားကိုယ်ဝန်ဆောင် မွေးတော့မှာမို့ ဒေါက်တာတို့ခွဲခန်းဝင်တော့မယ် ...အဲ့ဒါမောင်ရင်ကို လှမ်းအကြောင်းကြားတာပါ..."
"အာ..ဟုတ်ကဲ့ ဒေါက်တာ ကိုယ် အခုပဲလိုက်လာလိုက်ပါ့မယ်...."
"ရတယ်မောင်ကုဋေ .. မနက်မှလာလဲရပါတယ်...လမ်းခရီးမှာဂရုစိုက်ပါ..ဒေါက်တာတို့ကိုစိတ်မပူလဲရပါတယ်..."
"မဟုတ်တာပဲ..ဒေါက်တာ ...ကိုယ် ခုပဲလိုက်လာလိုက်မယ် ...ခုမလောကကြီးထဲကိုရောက်လာမယ့် ကိုယ့်ကလေးကို ကိုယ်ကအရင်ဆုံးကြိုဆိုသင့်တာပေါ့..."
"ကောင်းပါပြီမောင်ရင်..."
ဒေါက်တာNiလဲ ခွဲခန်းထဲကိုဝင်လာပြီး ခွဲစိတ်ဖို့ရာပြင်လိုက်သည်။
"သားလေး ဦးညိုမကြောက်နဲ့နော် ..ဒူးကိုကွေးလိုက်သားလေး..."
"ဟုတ်..."
"နဲနဲကွေးဦးသားလေး ..ပုစွန်ထုပ်လေးလို ဒူးခေါင်းနဲ့နှဖူးထိလောက်တဲ့ထိ ရသလောက်လေးကွေးပေးနော် ခါးရိုးထဲကို ထုံဆေးထိုးရမှာမို့...."
![](https://img.wattpad.com/cover/294917628-288-k574188.jpg)
Episode 8✨🍁
Start from the beginning