XIII

526 87 19
                                    

ZAWGYI

အရှင့်ရဲ့ ချစ်ခြင်းတရားတွေက ကိုယ်ရံတော်လေးအပေါ်မှာ သိပ်၍သက်ရောက်ခဲ့သည်...

အတည်ချစ်ပြီး အတည်သည်းပြတတ်တဲ့ ဘုရင်...ဘယ်မိန်းမ ဘယ်ယောကျာ်းမှ မျက်စလေးတောင် မပစ်ဖူးပါပဲ ဒီကိုယ်ရံတော်လေးနဲ့မှ တန်းတန်းစွဲတွေ ဖြစ်ရတဲ့ဘုရင်...

သူ့ကိုနှာခေါင်းဝိုင်းရှုံ့ကြလဲ မမှုပဲ ဒီကိုယ်ရံတော်လေးကို အချစ်မပြတ် ချစ်ပေးခဲ့တဲ့ ဘုရင်...ကြိုက်တဲ့သူအတင်းကိုပြော...ကိုယ့်ကိုပြောရင်တောင် ခပ်လှောင်လှောင်အပြုံးလေးနဲ့ပဲ ပြန်ကြည့်ပေးတတ်ပေမဲ့ ကိုယ်ရံတော်လေးကို ထိပါးလာရင်တော့ ဆွေစဉ်မျိုးဆက် အမြစ်ဖြတ်ပြစ်တတ်တဲ့ဘုရင်...

ချစ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးမျိုးတွေ ဆိုးသွမ်းပြပြီး ကိုယ်ရံတော်လေးအတွက် လိုလေသေးမရှိ ဒီဘုရင်က ထားပေးခဲ့တာ...ငါ့Jeonဆိုပြီး ပိုင်ဆိုင်ကြောင်းလေး ပြလိုက်ရချိန်တိုင်း အသေအလဲတွေကျေနပ်...အပြုံးမပျက်ပဲ ဘုရင့်ဣနြေ္ဒတောင် မထိန်းနိုင်ခဲ့တာ...

အို...ဒီအရှင် ဘယ်လောက်ထိ ကိုယ်ရံတော်လေးကိုချစ်သလဲ...မေးစရာပင်မလို...ဖြေစရာတွေမဆုံးအောင်ထိ Min Yoongiက Jeon JeongGukကိုချစ်တာ...

ဒီချစ်ခြင်းတွေအတွက် အများကြီးမိုက်မဲပစ်ခဲ့လို့ အရှင်ငယ်လေးက သေဆုံးပြီး ဘဝဆက်တိုင်းမှာတောင် ဝဋ်ကြွေးတွေနှစ်ရာချီခံစားပေးခဲ့ရသည် မဟုတ်လား...

သို့ပေမဲ့ အရှင့်ရဲ့ ကိုယ်ရံတော်လေးအပေါ်ထားတဲ့ ချစ်ခြင်းတရားက ဘာနဲ့ပဲဖျက်ဖျက် သံချေးတက် ပြတ်သွားခဲ့တာမှ မရှိတာ...ဒီအရှင်ဒီသခင်ဒီဘုရင်က အဲ့လောက်အထိ အချစ်ကြီးပြခဲ့တာ...

အဲ့လိုအချစ်တွေကြီးလွန်းလို့ ချစ်ခြင်းနတ်ဘုရားကကို ကြောက်လန့်ပြီး အလျင်အမြန် ဒဏ်ခတ်ပစ်ခဲ့တာကတော့ အရှင့်အတွက် ရင်နာစရာပေါ့...

တကယ်​တော့...အရှင်ကမှ သိပ်သနားစရာ ကောင်းခဲ့တာပါ...

လျှို့ဝှက်စာဆိုပြီး ရောက်လာတာကြောင့် ကိုယ်ရံတော်လေး ကြောင်အရသည်...စာလေးကိုဖွင့်ကြည့်တော့ အထဲမှာ ရေးထားတာက သန်းခေါင်ယံညဥ့်အချိန် ရေကန်တော်ရှေ့က မိုးမခပင်ကြီးအောက်မှာ လာတွေ့ပေးပါတဲ့...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now