Prologue

1.6K 110 33
                                    

Zawgyicode

ညတွင်းသန်ခေါင်ယံဝယ် မည်သူမဆို တနေ့တာ ပင်ပန်းမှုတွေအတွက် နှစ်ခြိုက်စွာ အိပ်မောကျနေနိုင်သည်...

သို့ရာတွင် မှောင်မိုက်မိုက် အခန်းငယ်အတွင်းမှ ကောင်လေးဟာတော့ အိပ်မက်ကမ္ဘာထဲမှာ လွန့်လူးလို့ နာကျင်ခြင်း ဆိုသည်အား ဖက်တွယ်ခံစားနေရလေရဲ့....

"မကောင်းဆိုးဝါး!...နင့်ကြောင့် အားလုံးဒုက္ခရောက်ရတာ!...နင့်ကြောင့်...နင့်ကြောင့်ပဲ ငါ့သမီး သေသွားရတာ!...နင်က မကောင်းဆိုးဝါး!!!....''

"အားးးးး!မဟုတ်ဘူးးးးး!''

ချွေးတရွှဲရွှဲနဲ့ နိုးထလာသည့် ကောင်လေးတစ်ယောက်...မျက်ရည်စီးကြောင်းတို့ဟာလဲ ပါးနှစ်ဖက်ထက်မှာ အကျည်းတန်စွာ ​နေရာယူထားရင်း....

"ဟင့်~''

ရုတ်တရက် ထွက်လာသည့် ရှိုက်သံဟာ တိတ်ဆိတ်ခြောက်ကပ်တဲ့ အခန်းငယ်မှာ ပျံ့လွင့်လာသည်...

"အဲ့လိုမဟုတ်ပါဘူး...''

တုန်တုန်ယင်ယင် ထွက်လာသည့် အသံငယ်က နာကျင်မှုတွေ ရောယှက်လို့...ကိုက်ခဲနေတဲ့​ခေါင်းကို လက်ဖြင့်ဖိရင်း ခေါင်းတခါခါ လုပ်နေသူလေးအား သနားသူဟူ၍ မရှိ...

အိပ်မက်ဆိုးတွေမက်လို့ ရေခပ်တိုက်မဲ့သူတောင် မရှိတဲ့ ထိုကောင်လေးက လူတကာ ပစ်ပယ်ထားတဲ့ အပယ်ခံလေးရယ်ပေါ့....

_ Offered

Hand _

"မမ...ကျွန်တော့်ကို ကော်ဖီမဟုတ်ပဲ နွားနို့ပြင်ပေးပါ...''

"ကောင်းပါပြီ သခင်လေး...''

အပြုံးနုနုတို့နဲ့ အိမ်အကူအသစ် မမကြောင့် သူပြုံးမိသည်...ဒီမမတော့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံလာနိုင်ပါ၏...

"ဟဲ့...နင်သူ့နားမကပ်နဲ့နော်...''

"ဘာလို့လဲ...သခင်လေးက ချောချောလေး...သဘောလဲ ကောင်းသေးတယ်...ခေါ်တာကိုက မမတဲ့...''

"နင်သူ့အကြောင်း မသိသေးလို့...သူ့နားကိုကပ်တာနဲ့ အဲ့ဒီကပ်တဲ့သူတွေ ဒုက္ခတခုပြီးတခု ရောက်တော့တာပဲ...အဲ့ဒါကြောင့် ငါတို့တောင် မရောဘူး...''

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now