VII

717 96 72
                                    

Zawgyicode

>>မျက်တောင်စိပ်စိပ်လေးတွေကို ချစ်တယ်...

မျက်လုံးဝိုင်းဝိုင်းလေးတွေကို မြတ်နိုးတယ်...

နှုတ်ခမ်းပါး​လေးကို အသည်းယားတယ်...

အကိုက တကယ်ပြီးပြည့်စုံတဲ့ အလှနတ်ဘုရား တစ်ပါးပဲ...>>

အိပ်ပျော်နေတဲ့ Jungkookကို ငေးကြည့်ရင်း Yoongiစိတ်ထဲကနေ ကဗျာတွေတန်းစီ ဆက်နေမိသည်...စာတွေကဗျာတွေက နှလုံးသားနဲ့ ရင်းရေးရတာမျိုးဆိုတာ သူလက်တွေ့ ယုံရပါပြီ...

အဖွဲ့အနွဲ့ မကျွမ်းကျင်လို့ စာမေးပွဲရောက်တိုင်း အခက်တွေ့ရတဲ့ သူက အခုတော့ အချစ်နဲ့တွေ့မှ အချစ်အကြောင်းတွေ ကဗျာဖွဲ့တတ်လာတာ...အကိုက သူ့ရဲ့အကြီးမားဆုံးသော လပ်ကီးလေးပါ...

''အင်းးးး ''

လက်နှစ်ဖက်ကို အပေါ်သို့မြှောက်လို့ အပျင်းကြောဆန့်သည့် အကိုက ဟိုလှိမ့်ဒီလှိမ့်လုပ်သည်...ကုတင်ဘေးမှာ ထိုင်နေတဲ့ သူ့ကိုလဲ မြင်ပုံမပေါ်...အကြောတွေ ဆန့်ထုတ်လို့ဝမှ ထထိုင်လာသူက သူ့ကိုမြင်တော့သည်...

''ငယ်!...ဘယ်တုန်းက ရောက်တာလဲ...''

''ခုနကမှပါ အကိုရဲ့...နေ့လည်နေ့ခင်း အိမ်မှာအားနေလို့ အကို့ဆီလာတာ...အကိုအိပ်နေလို့...''

သူပြောလိုက်တော့ အကိုက မျက်မှောင်ကြုတ်ပြီး ကုတင်အောက်မှာ ထိုင်နေတဲ့ သူ့အား ဆွဲမကာ ဖက်လာတာကြောင့် သူ့မှာ အကို့ရင်ခွင်ထဲ အင့်ခနဲရယ်...

''အဲ့ဒါများ နှိုးတာမဟုတ်ပဲနဲ့...''

''အကို အိပ်ရေးပျက်မှာစိုးလို့လေ...အကို...လွှတ်ဦး...ငယ်အသက်ရှူကျပ်လို့...''

အားကြီးနဲ့ ဖက်ထားသည့် အကိုကြောင့် ခပ်ငြီးငြီး ပြောလိုက်တော့ အကိုကရယ်ပြီး ဖယ်ပေးသည်...ထိုအစား သူ့ကိုရှေ့သို့ လှည့်စေပြန်ကာ နောက်ကနေဖက်လို့ ရင်ခွင်ကျယ်ထဲ မြုပ်စေလေ၏...

စွပ်ကျယ်တစ်ထည်တည်း ဝတ်ထားတာမို့ အကို့ရင်အုပ်ကြွက်သားတွေနဲ့ သူ့ကျောပြင်က ထိကပ်နေရပြီး သန်မာတဲ့ လက်မောင်းတွေကလည်း သူ့တကိုယ်လုံးကို ချုပ်ထားသလို ဖြစ်နေသည်...နေရကျပ်ပေမဲ့ နွေးလွန်းတော့ သဘောကျသား...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now