IV

701 100 45
                                    

Zawgyicode

''Jeon...ငါ့ကိုပဲ ချစ်ရမှာနော်...''

''Jeon...ငါမင်းကို အရမ်းချစ်တာ...''

''Jeon...ငါရင်တွေ နာရပါတယ်...''

''Jeon...နောက်ဘဝဆိုတာ တကယ်ရှိရင် ငါ့ကိုပဲ ပြန်ချစ်ပေးပါ...''

''Je...Jeon...''

''အားးးးး ''

အော်သံနက်နက်နဲ့အတူ လန့်နိုးလာခဲ့သည့် ကောင်လေးတယောက်...ရွှဲရွှဲစိုနေတဲ့ ချွေးစက်တွေက သူ့ခန္ဓာကိုယ်မှာ အပြည့်...

ခြောက်ကပ်ကပ် လည်ပင်းကို ရှင်းဖို့ရာ ရေဘူးကို အလျင်အမြန် ဆွဲယူလိုက်တုန်း ခွမ်းခနဲ ကျကွဲသွားတဲ့ ဓာတ်ပုံ​ဘောင်လေးကြောင့် သူ့ရင်ထဲမှာ ထိတ်ခနဲ...

''အားးး ''

နောက်တကြိမ်အော်ရင်း သူဟာ ရေဘူးကို လွှင့်ပစ်သည်...ငယ်ငယ်ကတည်းက ဒုက္ခပေးလာတဲ့ အိပ်မက်တွေ...ခပ်ရှရှအသံတွေ...အဖြူရောင် ဆံပင်ရှည်ရှည်...ညာဘက်မျက်လုံးကို ကန့်လန့်ဖြတ်ထားတဲ့ အမာရွတ်...

''ကျစ်...''

Jungkookစုတ်သပ်ရင်း အခန်းအပြင် ထွက်လာခဲ့သည်...သော့ခတ်ထားတဲ့ မိမိ၏ လျှို့ဝှက်အခန်းထဲသို့ ဝင်ခဲ့တော့ ဖုန်နံ့တွေက တလှိုင်လှိုင်နဲ့...

ဘေးနားက မီးအိမ်လေးကိုထွန်းလို့ ရှေ့တည့်တည့်က အနက်ရောင်စနဲ့ ပိတ်ထားတဲ့ ပိတ်ကားချပ်ကြီးကို သူဖယ်ချလိုက်သည်...

ဝုန်းခနဲ ပြိုကျသွားသည့်နောက်...မှိန်ပျပျ အလင်းအောက် ပေါ်လာသည်က စူးရှရှ မျက်ဝန်းတစ်စုံရဲ့ ပုံတူပန်းချီ...

သေချာတာပေါ့...ဒါသူကိုယ်တိုင် ဆွဲထားခဲ့တာ...သူ့အိပ်မက်ထဲ အမြဲဝင်နှောင့်ယှက်တဲ့သူ...သူ့နှလုံးသားထဲ တရစ်ပြီးတရစ် တိုးဝင်နေသည့်သူ...ထိုမျက်ဝန်းပိုင်ရှင်က သူ့သခင် သူ့အရှင်တဲ့...

ဘယ်သူလဲ...သူမသိ...သူရှာဖွေနေခဲ့တာ ဆယ်နှစ်တိတိ...အဲ့ဒီမျက်ဝန်းတွေကလွဲပြီး သူဘာအစအနပင် မရခဲ့ပါလေ...

''ခင်ဗျား...ဘယ်သူလဲ...''

လက်ထဲက ဖုန်ရှင်းတဲ့ စုတ်တံကိုယူပြီး ထိုပန်းချီကားချပ်ပေါ် သပ်တင်ရှင်းလိုက်သည်...အဲ့ဒီမျက်ဝန်းတွေ မြင်မိတိုင်း သူ့ရင်ဘတ်က လှိုင်းခတ်နေခဲ့တာ...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now