III

702 92 22
                                    

Zawgyicode

ခေါင်းပြုတ်ကျမတတ် ငုံ့ထားမိတဲ့ ကောင်လေးဟာ နှုတ်ခမ်းပါးလေးလဲ တဆက်ဆက် တုန်ယင်နေရင်း...

သူကြောက်သည်...သူချစ်တဲ့သူတွေ သူ့ကို ထားသွားမှာ သေလောက်အောင် ကြောက်ပါသည်...

အထူးသဖြင့် သူ့ဘဝရဲ့ ပထမဆုံးသော အလင်းတန်း ဖြစ်လာပေးတဲ့ အကိုထားသွားမှာကို ပို၍ကြောက်ရပါရဲ့...

''အာ...ညီမှားနေပြီနော်...ကိုယ်တော့မထင်ပါဘူး...''

ရုတ်တရက်...ရုတ်တရက် ဖမ်းဆွဲခံလိုက်ရတဲ့ သူ့ရဲ့လက်...အကိုကပြုံးလို့ တဖက်လူအား အေးဆေးစွာဆိုသည်...

သူရင်မောစွာ ပင့်သက်တို့ကို ရှိုက်ထုတ်ပစ်မိသည်...အကိုက သူ့ဘက်ကို ပြန်လှည့်လာ၏...ထို့နောက် ပြုံးပြပြန်လေကာ...

''မကြောက်နဲ့နော်...ကိုယ်ရှိတယ်...''

သူ့ရင်ထဲမှာ နွေးခနဲ...အကိုက ထင်ထားတာထက်ပိုအောင် လူတယောက်ကို ညှို့ယူနိုင်လွန်းပါသည်...သူ့နှလုံးသားလေး တဆက်ဆက်ခါအောင်လဲ အကိုပဲ လုပ်နိုင်ခဲ့တာ...

''သွားကြစို့ Yoon...''

သူ့ရဲ့လက်ကို ဆွဲထားလျက်ပဲ အကိုက သူ့အခန်းရှိရာကို လိုက်၏...Maskတပ်ထားတာတောင် တချို့ဟာ အကို့ကို စူးစိုက်ကြည့်လို့ မိမိတို့ ထင်သူများ ဖြစ်နေမလား အကဲခတ်ကြသေးရဲ့....

''နေ့တိုင်း ကိုယ်လိုက်ပို့ပေးမယ်...ပြန်ရင်လဲ ကိုယ်လာကြိုမှ ပြန်ရမယ်နော်...အတန်းထဲမှာပဲစောင့်နေ...''

အကိုဟာ မျက်ခုံးလေးတွန့်လို့ သူ့ကို ကလေးလေးတယောက်လို ပြောပါသည်...စိတ်ထဲမှာ ကျေနပ်နေပေမဲ့ အပြင်လောကမှာတော့ သူနှုတ်ခမ်းကိုဆူရင်း...

''အကိုနော်...ကျွန်တော်ကလေးမဟုတ်ဘူး...''

''ကိုယ့်အတွက်တော့ Yoonက ကလေးလေးပဲ...စကားနားထောင်...''

သေချာဖြီးသပ်လာခဲ့တဲ့ ဆံစတွေဟာ အကို့ရဲ့ ဆွဲဖွမှုကြောင့် လွင့်ခနဲ...သူပြုံးရပါ၏...အကို့ရဲ့ အပြောအဆို အပြုအမူအားလုံးဟာ သူ့အပေါ် သိပ်လွှမ်းမိုးနိုင်လွန်းသည်...

ပြေးထွက်သွားပြီဖြစ်တဲ့ အကို့ကို ငေးကြည့်ရင်း သူပြုံးပြီး အခန်းထဲသို့ ဝင်ခဲ့လိုက်တော့သည်...အကြည့်ပေါင်းစုံကိုတော့ လျစ်လျူသာ ရှုထားမိပါရဲ့လေ...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now