Jeonဟာ ဆက်မပြောတော့...အရှင့်ကိုယ်လေးကို ထွေးပိုက်ထားရင်းသာ အဖြူရောင်ဆံနွယ်တွေကို ငုံ့နမ်းလို့ ငြိမ်နေပေးလိုက်သည်...အရှင့်စိတ်ထဲ ထစ်ခနဲ...ကြားရသလောက်ဆို Jeonနဲ့ သမားတော်သမီးကလည်း အစပ်အဆက်တွေ ရှိခဲ့ဖူးတယ်ဆိုပဲ...

''ဘာလဲ...Jeonက သနားနေတာလား...''

ရင်ခွင်ထဲက ခေါင်းလေးပြူထွက်လာသည့် အရှင်သည် မျက်ဝန်းတွေကို မှေးကျဉ်းပစ်ရင်း နှုတ်ခမ်းလေးဆူလျက်မေးသည်...ကိုယ်ရံတော်လေးမှာ မျက်နှာမကောင်းစွာပဲ...

''သနားတာထက် ကျွန်ုပ်ကာကွယ်မပေးနိုင်လို့ အားနာနေတာပါ Yoon...သူမက ကျွန်ုပ်မိခင်ရဲ့ အသက်သခင် ကျေးဇူးရှင်လေ...မိခင်နာမကျန်းဖြစ်နေတုန်းက ဘယ်သမားတော်မှ မနိုင်ခဲ့တဲ့တာဝန်ကို သူမက ထမ်းယူပေးခဲ့တာမို့ သူမကို ကျွန်ုပ်လေးစားချီးကျူးရုံပါ...''

ကိုယ်ရံတော်လေးက ဆွေးမြေ့စွာပြောတော့ အရှင်ကလည်း စကားမဆက်တော့...နှစ်ယောက်အတူတူ ငြိမ်ကျသွားရင်းသာ ရှေ့ကရေကန်ကြီးကို အတွေးတွေနဲ့ ငေးနေမိကြတော့သည်...

- Offered

Hand -

''ထင်တဲ့အတိုင်းပဲ...ထင်တဲ့အတိုင်းပါပဲလား...ဟားဟားးး ''

အရှင်က ဟားတိုက်လို့ရယ်နေသည်...ပုလ္လင်ပေါ်မှာ ဒူးတစ်ဖက်ထောင်လို့ထိုင်ကာ ခပ်လျောလျော နောက်မှီပြီး ရယ်နေပုံမှာ အမတ်တွေ တုန်လှုပ်ချင်စရာ...ဒူးထောက်ထားသည့် သမားတော်သည်တော့ အကြိမ်ကြိမ်ဦးညွတ်ရင်းသာ တောင်းပန်နေလေသည်...အရှင်ကတော့ ရယ်နေတုန်း...

''သစ္စာဖောက်တွေကို ကိုယ်တော်ဘယ်လောက်ထိမုန်းလဲ သမားတော်ကြီး သိမယ်ထင်တယ်...''

ဘေးမှာအသင့်စောင့်စားနေသည့် စိန်စီထားသော ဓားရှည်သည် အရှင့်လက်တွင်းမှာ ဝံ့ဝံ့ကြွားကြွား ပါသွားရင်း...ပုလ္လင်ပေါ်က တစ်လှမ်းချင်းဆင်းလာလျက် အရှင်ကပြောတော့ သမားတော်မှာ အရှင်ကို အလန့်တကြား မော့ကြည့်ကာ အသနားခံတော့သည်...

''ငါကိုယ်တော်ကို မော်ဖူးရလောက်အောင် မင်းမှာအဆင့်အတန်းတွေ ရှိမနေဘူး...''

အားးး!!!

အော်သံနက်နက်သည် နန်းရင်ပြင်မှာ ကျယ်ကျယ်လောင်လောင် ဟိန်းထွက်သည်...ပါးပြင်ကို ဓားနဲ့ခပ်နက်နက် လှီးချခံလိုက်ရတာကြောင့် နာကျင်သွားသူသည် သွေးအရွှဲရွှဲနဲ့...ထိုစဉ် ရင်ပြင်သို့ အပြေးအလွှား ရောက်လာသည့် မိန်းမငယ်တစ်ဦး...

ကမ်းမဲ့လက်//ကမ်းမဲ့လက်(Completed)Where stories live. Discover now