ဥဥပေါ်တက်ထိုင်မိတာ အပြစ်လား ဂျွန်

2.8K 237 44
                                    

Episode 24 (ဥဥအပေါ်တက်ထိုင်မိတာ အပြစ်လား ဂျွန်)

စမိတာနဲ့တန်အောင် ပြန်ခံရလေသလား အချစ်ရယ်။ နာလိုက်တာများ မူးပါမေ့လဲသွားမိတဲ့အထိ။ ထယ် မောင့်ဥဥတော့ကွဲသွားပြီလားပဲ။

UNTITLED

"ငါတို့ပုလင်းလှည့်တိုင်း ကစားကြမလား"

"ကောင်းတယ်ဟ"

"လုပ်ကြဟေ့ ကစားကြမယ်"

ထင်းချောင်းကြီးတွေစုထားသော မီးပုံကြီး‌ ကွင်းကြီးအလယ်၌ရှိနေသည်။ မီးစတွေတဟုန်းဟုန်းတောက်လောက်လျက်ရှိသောဤမီးပုံပွဲကြီးပတ်လည် လူငယ်များစွာဝန်းရံထိုင်နေကြ၏။

"ဆရာထယ်ယောင်း ဒီကိုလာလေ"

"ဆရာမလာတော့ပါဘူး ကလေးတို့ပဲဆော့ကြပါ"

ကျောင်းသားများထဲမှ တစ်‌ယောက် ထယ်ယောင်းကိုလှမ်းခေါ်လာခြင်းပင်။ ဆရာမဖြစ်ခင်ကတည်းက ဒီကလေးတွေနဲ့ စီနီယာ ၊ ဂျူနီယာတွေအဖြစ်ရင်းနှီးကြတာမို့ ပေါ့ပေါ့ပါးပါးစကားပြောလေ့ရှိကြသည်။

"လာပါ ဆရာရယ် ဒေါက်တာလည်းရှိနေတာပဲ ကျွန်တော်တို့လည်းမဆော့ရတာကြာပြီလေဗျာ လာပါ"

"ဟုတ်ပါပြီ ဟုတ်ပါပြီကွာ"

လက်အတင်းလာဆွဲပြီးခေါ်တာကြောင့် ထယ်ယောင်းမငြင်းသာတော့ပဲ ကလေးတွေကြားထဲ တိုးထိုင်လိုက်သည်။ ဒေါက်တာမင်ကိုမြင်တော့ ဂျီမင်းကဘေးမှာငုတ်တုတ်လေးထိုင်နေသည်။

မီးပုံကြီးက မီးစာတွေလောင်ကျွမ်းနေလိုက်တာ။

မီးပုံဆီအာရုံရောက်နေတုန်း ဘာရယ်မဟုတ် သူ့ရှေ့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ကောင်လေးဆီအကြည့်ရောက်သွားစဉ် မျက်လုံးဝိုင်းဝိုင်းသူ့ကလေးငယ်က ပြုံးပြီးကြည့်နေသည်။ ချက်ချင်းတင် ပါးပြင်တွေအပူကြောင့်ရဲလာသလိုမျိုး မျက်နှာတစ်ခုလုံးပူပြင်းပြင်း။ ဒီကောင်လေး အများကြားမှာ ဘယ်လိုတောင်ကြည့်နေနိုင်ရတာလဲ။

မျက်နှာရိပ်မျက်နှာကဲပြပြီး အကြည့်လွှဲလိုက်တော့ သိပ်ကဲတတ်သည့်အဆိုးလေးက ခပ်ဟဟရယ်သည်။ သူ့စိတ်ထဲသိပ်မလုံမလဲ။ ဘေးနားက ကျောင်းသားတွေကိုမသိမသာကြည့်တော့ အားလုံးက ကစားဖို့သာအာရုံရှိနေတယ်။

UNTITLED 𐤀 [Completed]Tempat cerita menjadi hidup. Temukan sekarang