ချစ်တီးကြီးနှင့်အနက်ရောင်စန္ဒယားသံ

2.3K 300 32
                                    

Episode 6 (ချစ်တီးကြီးနျင့်အနက်ရောင်စန္ဒယားသံ)

အနမ်းတွေခိုးယူတဲ့ အနမ်းသူခိုးကြီးလည်းဟုတ်တယ်။ လူလည်ကျတတ်လွန်းတဲ့ချစ်တီးကြီးလည်းဟုတ်တယ်။ ဒါကြောင့် ဒီအနက်ရောင်စန္ဒယားကြီးပေါ်မှာ နမ်းရှိုက်ခဲ့တဲ့ဒုတိယအနမ်းအတွက်ကိုလည်း ဆရာပိစိဗွေမယူပေးနဲ့။

UNTITLED

"မေမေ"

"သားလေးတို့ရောက်လာပြီပဲ လာလေ မေမေမနက်စာပြင်ထားတယ် ဆရာထယ်ယောင်းလေးရောပဲ လွတ်လွတ်လပ်လပ်ထိုင်နော်"

"ဟုတ်ကဲ့ အန်တီ"

နေခြည်မဖြာသေးမီမိုးစင်စင်လင်းချိန်။ စောစောစီးစီးရှေ့ဆင့်နောက်ဆင့်ရောက်လာကြတဲ့သားငယ်လေးနဲသူ့ဆရာနှစ်ဦးတို့ကိုကြည့်ပြီး ဂျောင်ကုမေမေပြုံးမိသည်။ မနက်ခင်းနေရောင်အောက်မှာ ပြည့်ဖြိုးနေတဲ့သားငယ်‌လေးရဲ့မျက်နှာပုံစံနဲ့ ပျော်နေတဲ့အပြုအမူလေးတွေက...အင်း သမက်လောင်းလေးရဲ့သွန်သင်ဆုံးမပေးမှုကြောင့် သားလေးပိုလိမ္မာပြီး ကောင်းကောင်းကြီးပြင်းလာခဲ့ပြီပဲ။

"မေမေ သားအဝတ်သွားယူလိုက်ဦးမယ် uniformရောပဲ မနက်ဖြန်ပြိုင်ပွဲဆိုတော့ဆရာနဲ့အတူတူအရင်သွားရမှာ"

"မေမေကုတင်ပေါ်မှာတင်ထားပေးတယ် သားငယ်လေး မနက်ဖြန်ကျရင်ဖေဖေနဲ့မေမေလိုက်လာခဲ့မယ်"

"ဟုတ်ကဲ့ မေမေ ဆရာ ကျွန်တော်အဝတ်သွားယူလိုက်ဦးမယ် စားနှင့်လိုက်နော်"

"ရပါတယ် ဂျောင်ကုလာမှပဲအတူတူစားကြမယ် ဆရာစောင့်နိုင်ပါတယ်"

အဝတ်သွားယူမည့်သားငယ်လေးက သွားစရာရှိမသွားသေးပဲ ခုံမှာငြိမ်ငြိမ်လေးထိုင်နေတဲ့ဆရာထယ်ယောင်းလေးကိုအမှာတွေခြွေနေသေးသတဲ့။ စကားပနံသင့်နေတဲ့သားလေးနှစ်ဦးကိုကြည့်ရင်း ကျက်သရေရှိသောအပြုံးလှလှတစ်ခုနှင့် နှစ်ခြိုက်စွာပင်သူမပြုံးနေခဲ့တယ်။

သိပ်လိုက်ဖက်တယ် မေမေရဲ့သားလေး။ မေမေရွေးတာမှန်ထင်ပါရဲ့။

"နောက်မှမေမေတို့ထမင်းအတူစားကြတာပေါ့"

"ဟုတ်ကဲ့ အန်တီ"

UNTITLED 𐤀 [Completed]Where stories live. Discover now