ဒေါသအိုးလေးဆီမှ အကိုအဆူခံရပြီ

2.3K 257 14
                                    

Episode 13 (ဒေါသအိုးလေးဆီမှ အကိုအဆူခံရပြီ)

တခြားသူတွေကိုပဲဂရုစိုက်မနေပဲ ကိုယ့်ကိုယ်ကိုယ်လည်းဂရုစိုက်ပါဦး။ ကျွန်တော်ကလေးမဟုတ်တော့တာရော အကိုနားလည်ရဲ့လား။ တစ်ခါတစ်လေလည်း ဒီလူ့ကိုအားကိုးစမ်းပါဦး အကိုပေါက်စရာ။

UNTITLED

"သားကမင်းကိုပဲမျှော်နေတာ ထယ်ယောင်းရေ တစ်နေကုန်အန်ကယ်တို့အနားရှိတာမမြင်ဘူး"

"အာ ဟုတ်လား အန်ကယ်"

"ဟုတ်ပ သားငယ်ရေ မင်းရဲ့ကလေးကတစ်နေကုန်မင်းပဲမျှော်နေတာ မေမေတို့တောင်အရေးမစိုက်ဘူးတော့"

ဟင်းပွဲတွေသယ်လာသောအန်တီကဝင်ပြောသည့်အတွက် ထယ်ယောင်းရယ်သာရယ်နိုင်တော့၏။

"အခုလည်းကြည့် ဘာတွေလုပ်နေလို့အဲ့လောက်ကြာနေမှန်းမသိဘူး"

ပြိုင်ပွဲဝင်ကျောင်းသားလေး သူမသားအဆိုးလေးက ပြိုင်ပွဲလည်းပြီးရောအနားချွဲပြီးလိုချင်သည်ကိုပူဆာသတဲ့။ တန်ဖိုးကြီးပစ္စည်းတွေ ၊ အစားအသောက်တွေမလိုချင်သောထိုကလေးဟာ ဆရာထယ်လေးအနားသာရှိချင်သည်။ တောင်းသည်မှာလည်း...

"မေမေ ဆရာထယ့်ကိုလေ ဒီညသားတို့အိမ်မှာညစာစားဖို့ဖိတ်လိုက်ပါလား ဆရာထယ်ကသားအတွက်ပင်ပန်းထားရတာ မေမေရဲ့ ဒါကြောင့်ထမင်းဖိတ်ကျွေးပေးလေနော် နော် မေမေ"

"ဟုတ်ပါပြီရှင် ဟုတ်ပါပြီ အကြောင်းပြချက်ကတော့ကောင်းသလားပဲနော် ဟင်းဟင်း မေ့သားအကြောင်းမေမေမသိရင်ခက်မယ်"

"ဟီးဟီး မေမေကလည်း သားကဘာမှလုပ်ပါဘူး ခေါ်ပေးနော် မေမေနော် အာဘွား"

အိမ်ပြန်ဖို့ပစ္စည်းတွေယူနေသောမစ္စဂျွန်ဆီ သူမသားလေးလာချွဲကာပူဆာနေခြင်း။ ဒီလိုလေး လာချွဲနေတော့ဘယ်မအေကတောင့်ခံနိုင်ပါ့မလဲ။ လုပ်ပေးမယ်လည်းဆိုရော ပါးကိုအာဘွားဆိုပြီးနမ်းသွားကာ ယုန်သွားလေးတွေပေါ်အောင်ကိုရယ်ပြနေသည်။ ဒီကလေးလေးအရွယ်ကြီးကဖြင့်ကြီးနေပြီ မအေကိုချွဲနေတုန်း။ ကြည့်ဦး တယ်လည်းရိုက်ပစ်ချင်စရာမကောင်းဘူးလားရှင်။

"ဟို...ကလေးကိုကျွန်တော်ပြောထားပါ့မယ် အန်တီတို့ကိုအားနာလိုက်တာ"

UNTITLED 𐤀 [Completed]Where stories live. Discover now