အနမ်းသူခိုးကြီး

2.7K 321 31
                                    

Episode 4 (အနမ်းသူခိုးကြီး)

သူတစ်ပါးပစ္စည်းကို ထိုသူမသိပဲခိုးယူမိရင် အပြစ်ဖြစ်တယ်ဆို။ ဒါဆိုအနမ်းတွေကိုခိုးယူမိရင်ရော ကျွန်တော်အနမ်းသူခိုးကြီးအဖြစ် အပြစ်မြောက်မှာလား။

UNTITLED

အဝါရောင်သန်းသောညအိပ်မီးရောင်သည် တစ်ထပ်တိုက်ပုလေး၏ညအိပ်ခန်းအကျယ်ကြီး၌ လင်း၏။

"ဂျောင်ကု ရော့"

"ဟုတ်ကဲ့ ကျေးဇူးပါ"

မီးဖွင့်ထားသောရေချိုးခန်းအတွင်း အနီရောင်အရုပ်လေးတွေနှင့်ညအိပ်ဝတ်စုံအား ဝတ်ထားသည့်အကိုက သွားတိုက်ဆေးထည့်ထားသောသွားတိုက်တံကို သူ့ဆီပေးလာသည်။ နောက်ဖေးနေရာမှကြွေဘေစင်ဆီမှာ ခြေလက်ဆေးလို့ရပါသော်လည်း...

"ဒီမှာသွားပွတ်တံအသစ်မရှိဘူး အကို့အခန်းထဲမှာရှိမယ်ထင်တယ် လိုက်ခဲ့လေ ညီ"

ဟုဆိုကာ အကို့အခန်းထဲကရေချိုးခန်းဆီသူရောက်လာခဲ့ခြင်း။ ခေါင်းပေါ်မှာရေစိုမှာစိုးလို့ကြက်တောင်စည်း စည်းထားရသေးသလို အကိုပေးသောညအိပ်ဝတ်စုံဟာလည်း ပန်းရောင်အစင်းကြားလေးတွေပါသောယုန်ရုပ်လေးတွေနှင့်။

အဆိုးလေးကပြောပါသေးသည်။ လုပ်ချင်ရာလုပ်ပြီးမှ...

"ကြက်တောင်စည်းနဲ့ ညီ့ပုံကချစ်စရာကြီး"

တဲ့လေ။ ကဲ ကျွန်တော်တုန်နေအောင်ချစ်တာမှားသလားပြောပါဦးဗျာ။

ရယ်ပြရင်းသွားတိုက်နေတဲ့ဆရာအလှလေးအား ကျွန်တော်မှန်ထဲကနေသာငေးရသည်။ ရေစိုမှာစိုးလို့နှဖူးထိပ်စီးထားသောဆံပင်ထောင်ထောင်လေးနဲ့ပုံစံလေးက ဆွဲငုံထားပစ်ချင်စရာသကြားလုံးလေးလိုမျိုး။ မျက်နှာသစ်ထားတာ‌ကြောင့် ပြောင်လက်နေသောပါးမို့လေးဟာ ပန်းနုရောင်အိအိလေးဖြစ်နေ၏။ တစ်ခါမှလှန်တင်ထားခြင်းမရှိသည့်ဆံပင်လေးတွေရှင်သန်ရာ နှဖူးလှလှလေးကိုလည်း ရက်ရက်ရောရောဖော်ပြထားသည်မို့ ဂျောင်ကုသွားတိုက်တံကြီးကိုင်ထားပြီး ပါးစပ်ကြီးဟကာငေးနေမိတာအမှန်။ စိတ်ထဲမှမဆီမဆိုင် အကို့မေမေကိုတောင် ကျေးဇူးလှမ်းတင်မိလိုက်သေးသည်။ ​

UNTITLED 𐤀 [Completed]Where stories live. Discover now