မတူညီသောရင်ခုန်သံနှောင်ကြိုးနှစ်သွယ်

1.7K 186 4
                                    

Episode 21 (မတူညီသောရင်ခုန်သံနှောင်ကြိုးနှစ်သွယ်)

ကိုယ်စီအချစ်ရိပ်မြုံလေးတွေမှာ တခြားသူတွေအတွက်နေရာမဖယ်ပေးချင်ပါ။ မတည့်အတူနေ သူငယ်ချင်းကောင်အတွက်ဆိုပိုဆိုး။

လုံးဝပဲ ဟျောင့်!

UNTITLED

ညတဖြည်းဖြည်းနက်လာခဲ့သည့်အလျောက် မှောင်ရိပ်ကျလာသောလမ်းမကြီးမှာ လိုရာခရီးတွင်နေသောကားကြီးများ ရှေ့မီးလုံးအလင်းရောင်ကိုအားပြုရင်းမောင်းနှင်နေကြပြီ။ နှစ်ယောက်တွဲထိုင်ခုံအသီးသီးမှသူငယ်ချင်းများ တစ်ယောက်ကိုတစ်ယောက်မှီကာအိပ်ပျော်နေကြ၏။ ဆရာများလည်းပင်ပန်းကာနားနေကြသလို သတိမပြတ်မောင်းပေးသူသာနိုးကြားနေခဲ့သည်။

နောက်မှကိုယ်ပိုင်ကားတွေဖြင့်လိုက်လာသောအမိုးဖွင့်ပြိုင်ကားနှစ်စီးသည်လည်း ညရောက်လာသည့်အတွက်အမိုးတွေပြန်ချထားရင်း အနွေးဓာတ်ဖွင့်ထားသည်။ အာရုံမပြတ်မောင်းနေရင်းပင် ဒေါက်တာမင်တစ်ယောက် သူ့ပခုံးပေါ်ကိုမှီပြီးအိပ်ပျော်နေသောကောင်ငယ်လေးကိုပွေ့ဖက်ထား၏။ အိပ်မောကျနေတဲ့ဘေဘီလုံးလေးကတော့ အနည်းငယ်သာလူးလွန့်ပြီးအိပ်နေပြန်သည်။

ညအလယ်လည်းရောက်နေပြီ။ တစ်နေကုန်နီးပါးမောင်းလာရသည့်အတွက် ခါးလည်းညောင်းလာသလို မျက်ရိုးတွေပါအနည်းငယ်ကိုက်လာသည်။ ဘေဘီလုံးလေးကိုဖက်ထားသောလက်ကိုလွှတ်ကာ ယွန်းဂီညောင်း၍လက်ဆစ်တွေချိုးတော့ အဆစ်တွေမှတပြုတ်ပြုတ်အသံတွေမြည်လာ၏။ ရေသန့်ဘူးဖွင့်ကာရေသောက်ရင်း အနည်းငယ်ပင်ပန်းလာသည့်ခန္ဓာကိုယ်ကြောင့် သူခဏတော့နားမှဖြစ်မည်ကိုသိခဲ့သည်။

လိမ္မော်ရောင်လင်းနေသောလမ်းမီးတိုင်အောင် ယွန်းဂီကားရပ်ချလိုက်သည်။ တဖြည်းဖြည်းဝေးကွာသွားသော ဟိုးအရှေ့မှကျောင်းသားတွေကားကြီးနှစ်ဦးကတော့ မနားသည့်ပုံပင်။ ဒါပေမဲ့လည်းကိစ္စမရှိပါ။ ဆုံရမည့်နေရာကိုသိသည့်အတွက် မနက်ကျနည်းနည်းနောက်ကျမှရောက်သွားလည်းပြဿနာမရှိနိုင်ပါ။

"ဒေါက်တာ ခဏနားမလို့လား"

"ဟုတ်တယ်ဗျ ကျွန်တော်နောက်မှလိုက်လာခဲ့မယ် ဟိုရောက်မှတွေ့ကြမယ်"

UNTITLED 𐤀 [Completed]Tahanan ng mga kuwento. Tumuklas ngayon