ဂျောင်ကုပေါင်ပေါ်မှမှိုလုံးလေး

2.5K 299 17
                                    

Episode 7 (ဂျောင်ကုပေါင်ပေါ်မှမှိုလုံးလေး)

တယုတယချီပွေ့ထားရပေမဲ့ ပင်ပန်းမှုမရှိခဲ့တာအချစ်ကြောင့်ပါ။ ဒါကိုကျွန်တော့်ပေါင်ပေါ်ကချစ်သူမှိုလုံးလေး ယုံကြည်ပေးမယ်မလား။

UNTITLED

နူးညံ့စွာထိတွေ့သောနှုတ်ခမ်းပါးလေးက သံစဥ်စီးချက်ညီညီနှင့် နှလုံးသားထဲ,ကခုန်သည်။ အမွေးနုလေးတွေရှိရာလည်ပင်းအနောက်ဆီ ခပ်ဖွဖွဆုပ်ကိုင်ထားသောလက်တစ်ဖက်ဟာ အနမ်းနှောင်ကြိုးကိုဟန်ချက်မပျက်စေဖို့ထိန်းညှိထားသေးသည်။

ဆံနွယ်အိအိလေးတွေကိုသပ်တင်ပေးရင်း နှဖူးဆီသို့မြတ်မြတ်နိုးနိုးအနမ်းပေးပြီးနောက် ရဲခနဲပါးမို့လေးတွေဆီအနမ်းကောင်လေးအလည်သွားမိမှ ရှက်သွေးဖြာသည့်ပန်းပွင့်ရဲလေးက တစ်ချက်တစ်ချက်ပိုရဲခနဲ။

"ကျွန်တော်အကို့ကိုချစ်တယ်"

"အင်း အကိုသိတယ်"

ဆရာပိစိလေးကို သူ့ရင်ခွင်ဆီခေါင်းလေးတိုးရင်းနားဖို့ သူကိုယ်တိုင်ပဲစေမိသည်။ သူ့လည်ပင်းအနား ၊ ရင်ခွင်စပ်ဆီနားခိုရင်း မျက်လုံးလေးတွေမှေးစင်းထားတဲ့အကိုက သူချစ်နေတာကိုသိနေတယ်တဲ့လား။

အင်း ရိပ်မိလောက်မှာသေချာတယ်ဆိုပေမဲ့....ခဏ ဒါဆိုလက်ခံပေးတယ်ပေါ့ ဟုတ်လား အကို။

"ဒါဆိုအဖြေက..."

"အကို့ကိုတွေးခွင့်ပေးပါဦး အခုမှအစောကြီးပဲရှိသေးတယ် ညီ စာကိုပဲအာရုံစိုက်ရအောင်နော် မကြာခင်အရေးကြီးတဲ့အချိန်ရောက်လာတော့မှာ အချစ်ကနောင်မှပေါ့"

"ဒါပေမဲဲ့အဲ့အချိန်ကျအကို့ရဲ့အဖြေကို ကျွန်တော်လက်ခံနိုင်ပါ့မလား ကျွန်တော်အစကတည်းကပြောထားပြီးသားနော် ကျွန်တော် အကို့ကိုဘယ်သူ့ကိုမှမပေးနိုင်ဘူး"

"ကလေးရယ်"

လည်ပင်းကိုဖက်တွယ်ထားကာ ထယ်‌ယောင်းနှဖူးလေးကို သူ့နှဖူးနှင့်ထိလျက် ကလေးငယ်ဟာအသည်းယားစွာပြုလာသည့်အတွက် ထယ်ယောင်းသဘောတကျရယ်မိပြန်သည်။

အချစ်တောင်းနေပုံက အရွယ်ရောက်နေတဲ့ကလေးဆိုးလေး မုန့်မစားရလို့ဂျီကျနေသလိုပါလားကွယ်။

UNTITLED 𐤀 [Completed]Donde viven las historias. Descúbrelo ahora