စိတ်မကစားပါနဲ့ဦး ကျောင်းသားလေးရယ်

2.6K 309 10
                                    

Episode 5 (စိတ်မကစားပါနဲ့ဦး ကျောင်းသားလေးရယ်)

အများအမြင်မှာကျွန်တော်ဟာ ဘာမှမသိသေးတဲ့ငယ်ရွယ်တဲ့ကလေးတစ်ယောက်ဖြစ်နိုင်လည်း ကျွန်တော်ချစ်တဲ့လူအတွက်တော့ အဲ့လိုမဖြစ်စေချင်ဘူး။ သစ်ရွက်ကြွေတိုင်း ရင်ခုန်တတ်တဲ့အရွယ်မဟုတ်တော့ပြီမို့ ဒီအချစ်ကိုစိတ်ကစားတယ်ဆိုပြီး ပျက်ရယ်မပြုလိုက်ပါနဲ့ ဆရာရယ်။

UNTITLED

မဟူရာညခင်းကုန်ဆုံးပြီးလျှင် အသူရာနေမင်းထွန်းလင်းတောက်ပမည်။ ညဥ့်၏အလယ်ကုန်ဆုံးလျှင် အရုဏ်ဦး၏အလင်းရောင်ပျံ့နှံ့လာမည်။ မိုးသောက်လင်းစဥ် တိမ်အစိုင်ထုတွေငွေ့ရည်ဖွဲ့ကာပျောက်ကွယ်ကုန်သကဲ့သို့ နေမင်း၏အာဏာကြောင့်လည်း နှင်းစက်တို့ပျောက်ကွယ်ကုန်ပြန်သည်။ မနက်ခင်းသည် ဤလောက၏အလှနတ်ဘုရားတစ်ပါးပါလား။

"ဟုတ်ကဲ့ အန်တီ ကျွန်တော်တို့မကြာခင်လာခဲ့ပါ့မယ် ဂျောင်ကုကအိပ်နေတုန်း မဟုတ်တာဗျာ အားနာစရာမလိုပါဘူး နှိုးပြီးလာခဲ့ပါ့မယ်"

တိတ်ဆိတ်သောအိမ်အတွင်း၏မနက်ခင်းမှာ ဖုန်းပြောနေသော လှပလွန်းသည့်ကောင်လေးတစ်ဦး။ အကျီအနက်ကိုအောက်မှဘောင်းဘီခပ်ပွပွဝတ်ထားရင်းပင် အောက်အဖျားသတ်ကိုအထဲထည့်ထားသည်။ ကျော့ရှင်းနေသောလည်တိုင်ကျော့ကျော့သည် လည်ဝိုင်းတီရှပ်အောက်မှာအထင်းသားပေါ်နေရင်း သွယ်တန်းဖြူဥသောလက်ဖျံတွေက သွေးကြောတွေရှက်ဖျာနေသလို ရှည်လျားသောလက်ချောင်းတွေရှိရာလက်ကောက်ဝတ်သည်လည်း အနီနှင့်အနက်ရောင်ပိုးသားလက်ပတ်မျှင်မျှင်လေးတွေဝတ်ထားသေး၏။

ဆေးရိုးပန်းရိုက်တင်ထားခြင်းမရှိသော မျက်နှာဆီမှအသားရေနုနုလေး။ သဘာဝအတိုင်းဖြစ်တည်နေသောနှစ်ခန်းနှစ်လွှာဟာ ချယ်ရီရောင်သန်းသည်။ လောက၏မနက်ခင်းမှာ အလှလေးတစ်ခုထပ်မံတိုးလာခဲ့ပြန်ပြီကိုး။

ထို့အတူပင် အိမ်အတွင်း၏တစ်ခုသောအိပ်ခန်းအတွင်းမှာတော့ စိတ်လွတ်လက်လွတ်အိပ်နေသော ခပ်ချောချောကောင်လေးတစ်ဦးရှိနေပြန်သည်။ အိပ်ပုတ်ကြီးနေသောဒီကောင်လေးအဖြစ်ကရယ်ချင်စရာကောင်းပါသေးသည်။

UNTITLED 𐤀 [Completed]حيث تعيش القصص. اكتشف الآن