ကျွန်တော်ရဲ့စိတ်တွေအရမ်းရမ်းပျော်ရွင်နေခဲ့တယ်..ခုနကစိတ်ညစ်နေတဲ့စိတ်တွေတောင် ဘယ်ဆီရောက်သွားလည်းကျွန်တော်မသိတော့ဘူး။ကျွန်တော်တို့နှစ်ယောက်ဖက်တာဘယ်လောက်ကြာသွားခဲ့လည်း ကျွန်တော်မသိတော့.. မိုးဖွားလေးတွေကျလာတဲ့အခါကျမှ ကျွန်တော်သူမိုးစိုမှာကြောက်တာကြောင့် သူ့လက်ကိုကိုင်ပြီးကျွန်တော်ကားရပ်တဲ့ နေရာဆီပြေးလာခဲ့တယ်..

သူ့ကိုကားထဲအတင်းထိုးထည့်ပြီး ကျွန်တော်လည်းဝင်ထိုင်လိုက်တယ်..မိုးတွေကသဲကြီးမဲကြီးရွာချလာတော့တယ်..မိုးကတော်တော်နဲ့ရပ်မည်မဟုတ်။ ကျွန်တော်လည်းဝမ်ကိုအဆင်ပြေရဲ့လားဆိုပြီးမေးဖို့ ဘေးလှည့်ကြည့်လိုက်တဲ့အခါ ဝမ်အရမ်းကြောက်နေတာကိုကျွန်တော်မြင်လိုက်ရတယ်..

ကျွန်တော်လည်းခေါင်းတွေအသေပူထူလာခဲ့တယ်..ဝမ်ရဲ့ကိုယ်လေးကိုဖက်ပြီး အဆင်ပြေမှာပါဆိုတဲ့ စကားလေးကိုထက်ထက်အခါခါပြောနေခဲ့မိတယ်..ကြည့်ရတာကျွန်တော်ဖက်ထားတာအဆင်ပြေတယ်ထင်တယ်..ခုနကတော်တော်တုန်နေတဲ့ကိုယ်လေး သိပ်မတုန်လာခဲ့တော့ဘူး..

ကျွန်တော်ရိပ်မိလိုက်တယ် ဝမ်ကမိုးရွာတာကိုကြောက်တယ်ဆိုတာပဲ။ ကျွန်တော်မေးမြန်းဖို့ သူ့ကိုဖက်ထားတာကနေလွှတ်လိုက်ပြီး..သူ့ကိုစကားပြောမလို့ပဲရှိသေး။ ဝမ် ကျွန်တော်ရဲ့နှုတ်ခမ်းတွေကို သိမ်းပိုက်သွားခဲ့တယ်..ဝမ်ဒီလိုမျိုးနမ်းလာလိမ်မယ်လို့ ကျွန်တော်လုံးဝကိုမထင်ထားမိခဲ့။

ဝမ်ရဲ့အနမ်းစကေးတွေတော်တော်ကျွမ်းလွန်းတယ်..သူ့ရဲ့အနမ်းစကေးတွေထဲ ကျွန်တော်ပျော်ဝင်သွားမိတယ်..ကျွန်တော်စိတ်ထဲအတွေးတစ်ခုဝင်လာခဲ့တယ်..ဝမ်ကျွန်တော်အပြင်တခြားသူတွေကိုများ နမ်းခဲ့ဖူးသလားဆိုတာကိုပေါ့။ ကျွန်တော်အဲ့အကြောင်းကိုစုံစမ်းဖို့ဆုံးဖြတ်ချက်ချလိုက်တယ်..

တကယ်လို့သာဝမ်တခြားသူတွေနဲ့ နမ်းခဲ့ရင်အဲ့လူတွေကို ဒုက္ခရောက်အောင်လုပ်မယ်လို့လည်း စဥ်းစားထားပြီးသား။ ဒါပေမဲ့အခုတော့ဝမ်ကျွန်တော်ကို ဦးဆောင်ပြီးနမ်းနေတာဆိုတော့ ဝမ်ပင်ပန်းမှာဆိုးလို့ကျွန်တော် အနမ်းတွေကိုဦးဆောင်လိုက်တယ်..ဝမ်ရဲ့နှုတ်ခမ်းတွေကတော်တော်လေးကို ချိုတယ်..

ဒုတိယအခွင့်အရေး (Arc-3) (Oc)Opowieści tętniące życiem. Odkryj je teraz