~၁~ဒိတ်

264 14 0
                                    

Unicode Version

"ကျွန်တော် ခင်ဗျားနဲ့ ဒိတ်လုပ်ချင်တယ်..."

ကျွန်တော့်ရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးလေးက ပြုံးလိုက်သည်....။

အဲ့ဒီအပြုံးက သူမဆီမှာ ကျွန်တော်တွေ့ဖူးနေကြ အပြုံးမျိုးဖြစ်ပြီး တစ်ယောက်ယောက်က ကိုယ့်ကိုတစ်ခုခုပြောလိုက်သည့်အခါ အသိအမှတ်ပြုခေါင်းညိတ်သည့်အနေဖြင့်ပြုံးပြသည့်အပြုံးမျိုးပဲဖြစ်၏...။

"ကျွန်မ ရှင့်ကမ်းလှမ်းချက်ကို လက်ခံသင့်တဲ့အကြောင်းပြချက်ကဘာများပါလိမ့်..."

ကော်ဖီခွက်ကို လက်ထဲမှာ ကိုင်ထားရင်း သူမက ချိုသာစွာပဲမေးလိုက်၏...။

"ဘာဖြစ်လဲဆိုတော့ ခင်ဗျားက ကျွန်တော်နဲ့ ဒိတ်လုပ်ဖို့ ကျွန်တော့်ဘက်ကစပြီးကမ်းလှမ်းခဲ့တဲ့ ပထမဦးဆုံးသူမို့လို့ပေါ့...."

ဒီစကားက အတော်လူပါးဝသည့်စကားလို့ခင်ဗျားတို့ထင်ရင်ထင်လိမ့်မည်....။ အတော်ဖင်ခေါင်းကျယ်လေလုံးထွား တဲ့ကောင်လို့ဆဲချင်လည်းဆဲနိုင်သည်....။ ဒါပေမဲ့ ခင်ဗျားတို့ဘာထင်လဲဆိုတာ ကျွန်တော့်အတွက် ဘာမှ အရေးပါတာမှမဟုတ်တာ...။

ကျွန်တော့်အတွက် အရေးပါတဲ့ ကိစ္စက အဲ့ဒီစကားကို သူမဘယ်လိုထင်သလဲဆိုတာပဲ..။ ကျွန်တော်သေချာသိတာကတော့ ကျွန်တော့်ရှေ့က အမျိုးသမီးလေးက ခင်ဗျားတို့လိုမထင်ဘူးဆိုတာပဲ ဖြစ်သည်...။

ကျွန်တော့်အဖြေကြောင့် သူမ တစ်ခါထပ်ပြုံးလိုက်တာကျွန်တော်မြင်ရသည်...။ အဲ့ဒီအပြုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နှင့် သင်ခန်းစာတင်ပြနေသော ကျောင်းသားတစ်ယောက် ကို ပြုံးကြည့်နေသော ဆရာတစ်ယောက်ရဲ့ အပြုံးနဲ့တောင်ဆင်တူလှသည်...။

ဒီမှာကြည့်...၊ ကျွန်တော်က လူတွေရဲ့ အပြုံးကို ခွဲခြမ်းစိတ်ဖြာ သုတေသနလုပ်နေရလောက်အောင် အားယားနေတဲ့ သူတော့မဟုတ်ဘူး...။ ဒါပေမဲ့ ကျွန်တော့်ရှေ့က အမျိုးသမီးလေးရဲ့ အပြုံးတွေကိုတော့ ကျွန်တော် စိတ်ဝင်စားသည်...။ ပြောရရင် သူမက ကျွန်တော့်ကို လူတွေရဲ့ အပြုံးကို စိတ်ဝင်စားလာအောင် လုပ်နိုင်တဲ့ ပထမဦးဆုံး သက်ရှိလူသားလို့တောင်ပြောနိုင်သည်...။ ပြီးတော့ ကျွန်တော်စိတ်ဝင်စားတဲ့ တစ်ဉီးတည်းသော အပြုံးပိုင်ရှင်ပေါ့....။

Her Smiles [Completed]Where stories live. Discover now