''အရသာရှိလိုက်တာ၊ ချိုချိုမွှေးမွှေးလေး"

''.... မင်းက ဒီလိုမျိုးနှာဘူးပဲ"

ကျန့်ယောင်ကတော့ သူ့အား နမ်းရှိုက်ချင်စိတ်ကိုထိန်းမနိုင်ပဲ ပြောတယ်။
''ငါဘယ်လောက်တောင် မင်းကိုချစ်တယ်ဆိုတာ အခုသိပြီမလား၊ အဲ့တော့ ဆုပြန်ချလေ နော် နော်?"

ရင်းချဲယ်ကတော့ တစ်ထွာရရင် တစ်မိုင်လိုချင်နေတဲ့သူ့ကို တားတဲ့အနေနဲ့ သူ့ပါးစပ်ထဲ ပေါင်မုန့်နဲ့သာ ဆို့ထားလိုက်တော့တယ်။

..
ကံဆိုးချင်တော့ ကြက်တူ‌ရွေးက ထိုစကားလေးလုံးကိုမှ ရွေးပြီးတတ်သွားတယ်။

ဟန်မုန့်ခမျာမှာတော့ သူ့အ‌ဒေါ် ပြန်ရောက်လို့ကြားပြီးချိန် သူ့အမေဆီဖုန်းဆက်ပြီး ရည်းစားထားနေပါတယ်လို့ အတိုင်ခံရတော့တယ်။

မာမားဟန်ကတော့ အလုံးစုံရင်ခုန်သွားလေရဲ့။
''ငါ့သားလေးကို နောက်ဆုံးတော့ လက်ထပ်ပေးရတော့မှာပေါ့?!"
(T/n : ဒီနေရာမှာ မာမားဟန်က သူ့သားကို သတို့သမီးအနေနဲ့လက်ထပ်ပေးရတော့မှာပေါ့လို့ သုံးလိုက်တာပါတဲ့)

ဟန်မုန့်ကတော့ တရှုံ့ရှုံ့နဲ့ group chatထဲ လာပြီးငြီးငြူရှာတယ် :
[မင်းတို့ဘာသိလို့လဲ? ငါ့အမေက တာ့ရှုန်းနဲ့ငါ့က်ု ရည်စားတွေလို့ထင်နေတာ၊ ငါတို့နှစ်ယောက်လုံးကဖြင့် alpha တွေဟာကို! ဒုက္ခပါပဲ!]

ကောကျစ်ရှုန်း : [ဟုတ်တယ်! ငါသာ alphaကိုကြိုက်ရမယ်ဆိုလည်း ဘယ်တော့မှ မင်းဖြစ်မှာမဟုတ်ဘူး၊ ယောင်ကောကိုပဲ ကြိုက်မှာ!]

ဟန်မုန့် : [.........]

ကျန့်ယောင် : [ငါတို့ အဆက်သွယ်ဖြတ်ကြရအောင်]

..
အဆုံးမှာတော့ နောက်ဆုံးရက်ကလေးမှာ ဖွင့်ပြောဖို့အရေး ဟန်မုန့် ရှုံးနိမ့်ခဲ့တယ်။ ထိုနည်းတူစွာပဲ ကျန့်ယောင်ဟာလည်း ယုန်ပေါက်လေးကို ထပ်နမ်းဖို့အရေး ရှုံးနိမ့်ခဲ့တယ်။

သူတို့ပထမဆုံးနမ်းပြီးကတည်းက ကြာလှပြီမဟုတ်ဘူးလား? ‌ဒါပေမယ့် ရင်းချဲယ်စိတ်အတိုင်းသာဆို နောက်ထပ် heatမဖြစ်မချင်း သူ့ကိုပေးနမ်းမှာ မဟုတ်လောက်ဘူး။

Pay Attention To Me [Myanmar Translation]Where stories live. Discover now