အပိုင်း - ၉၉

7.1K 1.5K 76
                                    

ဒါကလည်း သူနဲ့ကျိုးရင်ရဲ့အသက်တွေက ချိတ်ဆက်နေတယ်လို့ နတ်ဆိုးဘုရင်ကြီးကို ပြောပြခဲ့တာကြောင့်ဖြစ်တယ်။

တောင်ပင်လယ်ရေသူမပုလဲပေါ်မှာ အက်ရာလေးတစ်ခု ထွက်ပေါ်လာနေပြီ။

"ဒုတိယရိုက်ချက်" သူ့နားတွေထဲ နတ်ဆိုးဘုရင်ကြီးရဲ့ တည်ငြိမ်လှတဲ့အသံ တိုးဝင်လာတယ်။

ပိုင်ရန် သတိပြန်ကပ်သွားတယ်။ နတ်ဆိုးဘုရင်ကြီးက သူ့တစ်ကိုယ်လုံးမှာရှိတဲ့ မှော်အစွမ်းကို စုဝေးလိုက်တယ်။ ဒါရဲ့အစွမ်းက ကြီးမားလွန်းတာကြောင့် ဟာရီကိန်းမုန်တိုင်းရဲ့ဗဟိုချက်မှာ ရောက်နေသလိုမျိုး ဖြစ်နေတယ်။

ပိုင်ရန် သူ့ကိုယ်သူ အမြန်အားတင်းလိုက်ရတယ်။

ရုတ်တရက်ဆိုသလို ကောင်းကင်မှာ လျှပ်စီးကြောင်းတစ်ခု ဖျတ်ခနဲ ထွက်ပေါ်လာတယ်။ ကြီးမားတဲ့မှော်အစွမ်းက ဝိဉာဉ်စက်လုံးကြီးတစ်ခုလို ဖြစ်ပေါ်သွားတယ်။ အပျက်အစီးပုံတွေအထက်မှာ ကြီးမားလှတဲ့ အလင်းရောင်စက်လုံးကြီးက ပိုင်ရန့်ခေါင်းပေါ်တည့်တည့်ကို ဒိန်းခနဲ ဝင်ဆောင့်တယ်။

ရိုက်ချက်နောက်မှာပါလာတဲ့ အင်အားက မြစ်ကိုဖြတ်ကူးခြင်းအဆင့်ဝင်ရောက်ဖို့အတွက် သည်းခံရတဲ့ အတိဒုက္ခမိုးကြိုးတစ်ခုထက် မနည်းလှဘူး။ ဒါက ပွတ်ကာသီကာလေးပဲ။

ပိုင်ရန်က ထိုအထဲ နက်နက်ရှိုင်းရှိုင်း ပိတ်မိနေတာကြောင့် ထိုအားကို ပိုလို့တောင် ခံစားမိသေးတယ်။

သူရဲ့မှော်အစွမ်းအများစုကို ဖြတ်တောက်ထားတဲ့ အကာအရံနဲ့ ပတ်လည်ဝိုင်းနေတယ်။

အကာအရံက စတင်အက်ကွဲလာပြီး မှော်အစွမ်းတွေ စိမ့်ဝင်လာစေကာ ပိုင်ရန် သွေးအန်ရလောက်တဲ့အထိ ရိုက်ချက်ပြင်းလှတယ်။

ကြီးမားတဲ့ မိုးကြိုးနဲ့ အလင်းရောင်တို့ ဖြည်းဖြည်းချင်း လွင့်စင်လာတယ်။ ပိုင်ရန်က ရိုက်ချက်ကြောင့် တစ်ကိုယ်လုံး ကိုက်ခဲနေတော့တယ်။ သူ့ပုံစံက သနားစရာကောင်းလှပေမယ့် သူရထားတဲ့ဒဏ်ရာတွေအားလုံးက အပေါ်ယံသာဖြစ်တယ်။

"ပါး!" ကျိုးရင် အလန့်တကြား အော်ခေါ်လာတယ်။ သူ အလောတကြီး ခုန်ဝင်ကာ သူ့ကို ဖေးမပေးလိုက်တယ်။ သူက ရှိုက်သံတွေကြားက ပြောလာတယ် "အဆင်ပြေရဲ့လား ပါး?"

နတ်ဆိုးဘုရင်ကြီးက ငါလေးသူ့ကိုတိတ်တိတ်ပုန်းချစ်နေတာလို့ ထင်နေတယ် {Complete}Where stories live. Discover now