56

4.3K 246 14
                                    

Unicode
********

လရောင်ငယ် အိပ်ရာပေါ်ကနေ အသာထကာ သူ့ခါးကို ရစ်ပတ်ပြီး အိပ်မောကျနေတဲ့ သခင့်လက်မောင်းကို အသာမက ဘေးဖယ်လိုက်သည်။

နောက် သူစောစောက ကြားလိုက်ရတဲ့ အသံက ကိုကို့ရဲ့ အသံဆိုတာ သူသေချာပေါက်ကို ယုံကြည်နေမိသည်။ သေချာပြန်စဉ်းစားကြည့်တော့ တိုက်ဆိုင်မှုတွေက အများသား။
သူကျောင်းတက်နေတုန်း ကိုကိုနဲ့အတူရှိ‌ေနပြီးဂေဟာကို မလာနိုင်တဲ့ ရက်တွေမှာ သခင်ဟာလည်း ဂေဟာကို မလာခဲ့။ ကိုကိုနဲ့ ကျောင်းပိတ်ရင် 10ရက်လုံး အတူရှိခဲ့တဲ့ ရက်တွေမှာလည်း သခင်ဟာ သူ့ကို ပိတ်ရက်ပေးခဲ့တာတွေ...။ သခင့်ဆီက ပြန်လာပြီးနောက်ရက်တွေဆို သူ့ကိုအမြဲ ပြာနေအောင် ဂရုစိုက်တတ်တဲ့ ကိုကိုးအပြုမူတွေ....။ အားလုံးကို ဆက်စပ်ကြည့်လိုက်ရင် အဖြေက ရှင်းနေပေပြီ။

သို့သော် သူမယုံနိုင်သေး။
မဟုတ်ပါစေနဲ့....။

"ကိုကိုသာဖြစ်နေရင် ငယ်အရမ်းမုန်းမိလိမ့်မယ် ကိုကို.."

အိပ်မောကျနေတဲ့ သခင့်ရဲ့ မျက်နှာထက်က မျက်နှာဖုံးကို အသာဆွဲယူရင်း ဆုတောင်းနေမိသည်။
"မဟုတ်ပါစေနဲ့...၊ကိုကို့ကို ကျွန်တော် မမုန်းချင်ဘူး..."

*ရှပ်..*
သူ့ဆုတောင်း မပြည့်ခဲ့။

သူ့လက်ထဲ လျောခနဲ ကြိုးပြေပြီး ပါလာတဲ့ မျက်နှာဖုံးနောက်က မျက်နှာဟာ နောင်ဘဝကူးရင်တောင် မှတ်မိနေမယ့် သူချစ်ရတဲ့ လူသားရဲ့ မျက်နှာပင်။

*ဒေါက်...*

လရောင်ငယ်ရဲ့ လက်ထဲက မျက်နှာဖုံးဟာ ကြမ်းပြင်ပေါ်သို့ ဒေါက်ခနဲ ပြုတ်ကျသွားတော့သည်။

"ကိုကို..."

နေသူရိန် သူ့နားနောက်ကနေ လျောကနဲ လွတ်ထွက်သွားတဲ့ ကြိုးစကြောင့် လန့်နိုးလာတဲ့အချိန် သူ့ရှေ့က ငယ်ဟာ မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ငေး‌ကြည့်နေခဲ့သည်။
"ငယ်..ကိုကို.."

"ထွက်သွား.."

"ငယ်.."
"ခင်ဗျားကို ထွက်သွားလို့ ပြောနေတယ်!!!!!၊သွား!!!ထွက်သွား၊ ခင်ဗျားကို မမြင်ချင်ဘူး!!"

My Lovely Night Bird Boy (Completed)Where stories live. Discover now