part30/End (zawgyi)

Start from the beginning
                                    

  သူမ ဖြစ်နေမည်ကို သိပ်ကြောက်မိသည်။
သူမနဲ့ တသက်တာလုံး မနေနိုင်တာကြောင့်
ကနဦးအစကပင် သူမကို သံယောဇဉ် မဖြစ်
ချင်။

   သူဟာ စာရေးဆရာ တစ်ယောက်။ ပုံမှန်
အချစ်ဇာတ်လမ်းကို အထူးတဆန်းရေးရာ
က အတွေးတို့က တဆင့် အိမ်မက်တို့အထိ
စိတ္တဇဖြစ်ရပ်တို့ရဲ့ ပိုင်စိုးထားခြင်း ခံနေရ
လေသူ။

  တစ်နေ့တုန်းက သူ တွေးပုံအရသာဆို
သွေးကို ဟိုဘက်ကမ္ဘာက ကောင် သိမ်း
ပိုက်မည်၊ သူ့ကို ဝတ္ထုကမ္ဘာထဲမှာ ပိတ်
လှောင်ထားမည် ၊ ဒါကြောင့် သူ တွေးရင်း
ရူးတော့မည်။

        အကယ်၍များ စာရေးဆရာ သေသွား
တဲ့အခါ မဖြစ်နိုင်ပေမယ့် ဖြစ်နိုင်စွမ်းရှိ
သော ဝတ္ထုထဲက လူတွေ အသက်ဝင်လာမယ့်
ရန် ဘေးကို ဦးညှို့နက် ဒီည ဖြေရှင်းဖို့
ဆုံးဖြတ် နေမိတော့သည်။

       တဝီဝီ မြည်နေလေသော ကားလမ်းမ
ဆီ တစ်ချက် ငေးကြည့်မိလိုက်သည်။ ထို့
နောက် ခြေဦးကို လှမ်းကြွလိုက်ကာ ကားလမ်း
မဆီ ဦးတည် လမ်းလျှောက်လိုက်မိလေသည်။

  " ဟင် ဦး ကား ကား……"

   ကားလမ်းမအထက် မတ်တပ်ရပ်ကာ
မျက်လုံးစုံမှိတ်ထားခိုက် ကြားလိုက်ရ
လေသော အော်သံ။ သိနေပေမယ့်
အရာရာ အဆုံးသတ်သင့်ပြီ ဖြစ်တာကြောင့်……

  " ကျွီ ကျွီ …… တီ တီတီ…… တီ……"

    အသံတို့ ဆူညံသွားတော့ အသည်း
တစ်ချက် အေးသွားရပေမယ့်  ထိတွေ့မှုတစ်စုံတစ်ရာက
သူ ထင်ထားတဲ့ အရာ မဟုတ်။

  မျက်ဝန်းအစုံကို ဖွင့်ကြည့်မိလေတော့
မြင်လိုက်ရတာက လမ်းမပေါ် ခွေလဲကျ
နေလေသော မိန်းကလေး။
   သူမ။ ဟုတ်တယ် သူမ အသွေး။

"သွေး သွေး မဟုတ်ဘူးလေကွ
သွေး သွေး……"

    ကမ္ဘာကြီး ပေါက်ကွဲထွက် မတတ် သူ
ဟစ်အော် မိလိုက်လေသည်။ ဤကမ္ဘာ
မှာတော့ သွေး သေဆုံးခဲ့လေပြီ။

[ ပြီးပါပြီ ]

Author blackclock

စာမူပြီးချိန် 8:14pm - Nov 23 /2021 Tue

(စာရေးသူ၏ ရှင်းလင်းချက်

      ဝတ္ထုကမ္ဘာနဲ့ စာရေးသူတို့ ကမ္ဘာလောက
ဟာ အပြိုင်တည်ရှိနေတဲ့ ပုံစံနဲ့ အထူးတဆန်း
ထွင် ရေးသား ခဲ့ပါသည်။ ဤဝတ္ထုဇာတ်သိမ်းမှာ
ဆို စာရေးဆရာ ဦးညှို့နက်ဟာ ဝတ္ထုကမ္ဘာထဲကို
အမှန်တကယ် ရောက်ရှိသွားရပါတယ်။ အသွေး
ဆိုတဲ့ မိန်းကလေးကို သူ့ရှေ့မှာ သေတာ မြင်
လိုက်ရတဲ့ အခါ အသည်းတို့ နာကျင်အက်ကွဲ
ရင်း ကျန်ခဲ့ရပါတယ်။

  သို့ပေမယ့် ဝတ္ထုကမ္ဘာကနေ ထွက်လာခဲ့တဲ့
လူမိုက်စတိုင်နဲ့ ဦးညှို့နက်ကတော့ အပြင်လော
ကမှာ ပျော်ရွှင်သော မိသားစုလေးကို ဖန်တီးလို့
နေ့စဉ်ရက်ဆက် အချိန်ပြည့် မှောင်ပါတော့တယ်။)

 

Love + Love [Normal Fiction]Where stories live. Discover now