ရင်းချဲယ်က ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ရင်း သူ့လမ်းသူလျှောက်နေတုန်း ကောကျစ်ရှုန်းက သူ့ရှေ့ရောက်လာပြီး ခပ်တိုးတိုးနဲ့
''ချဲယ်‌ကော၊ ချဲယ်ကောမဆော့ဘူးမလား ဟင်? ငါ့ကိုလက်စွမ်းပြခွင့်လေး ပေးမယ်မလား ဟင်"

alphaတစ်ယောက်အနေနဲ့ ကောင်မလေးရှေ့မှာ သူ့ရဲ့ထည်ဝါခံ့ညားမှုကို ပြသဖို့ကြိုးစားကာမှ betaတစ်ယောက်လောက်တောင် နိုင်အောင်မကစားနိုင်ဘူးဆိုရင် သူ့အရှက်တွေ ဗျန်း‌ဗျန်းကွဲရလိမ့်မယ်။

''ငါက မဆော့ဘူး၊ ကြည့်ရုံကြည့်မှာ"
ရင်းချဲယ်က ပြောတယ်။

တကယ်လည်း ရင်းချဲယ်က မကစားပဲ ဘတ်စကတ်ဘော‌ပိုက်အောက်မှာ ရပ်ပြီး ဂိုးလည်းတစ်လုံးမှမ၀င်ပါပဲ မျက်စိနောက်စရာကောင်းလောက်အောင် ကစားပြနေတဲ့ ထိုအတန်းဖော်နှစ်ယောက်ကိုသာ တိတ်တဆိတ် ကြည့်နေခဲ့တယ်။

နွေညခင်းဟာ ပူနွေးနွေးမို့ ကောကျစ်ရှုန်း နဖူးမှာချွေးတွေသီးနေတယ်။ သူက အင်္ကျီကော်လံကိုဆွဲပြီး ချွေးတွေသုတ်တယ်။ ရေလာသောက်ရင်းနဲ့မှ ကွင်းဘေးကကြည့်နေတဲ့ သူ့ရှုန်တိတွေကို ခပ်ကြိတ်ကြိတ်မေးတယ်။
''ငါကစားတာ ဘယ့်နှယ်လဲ? မိုက်တယ်မလား ငါချောတယ်ဟုတ်?"

ကျန့်ယောင် : ''အဲ့ဒါက ယှဉ်ကြည့်တဲ့သူပေါ် မူတည်တယ်၊ သာမန်လူနဲ့ဆိုရင်တော့ ကောင်းပေမယ့် ငါနဲ့ယှဉ်ရင်တော့ အတော်လိုသေးတယ်"

''....အရှက်မရှိ မျက်နှာပြောင်လိုက်တဲ့ကောင်"
ကောကျစ်ရှုန်းက လက်မလျော့ပဲ ရင်းချဲယ်ကို ထပ်မေးတယ်။
''ချဲယ်ကောရော ဘယ်လိုထင်လဲ? ပွင့်ပွင့်လင်းလင်းသာပြောပါ ငါအဆင်ပြေတယ်"

ရင်းချဲယ်နှုတ်ခမ်းလေးက လှုပ်သွားပြီး စကားလေးတစ်ခွန်း ထွက်လာတယ် :
''စိတ်ပျက်စရာကောင်းတယ်"

''........"

မျက်ရည်လည်ရွဲနဲ့ထွက်ပြေးသွားတဲ့ ကောကျစ်ရှုန်းနောက် အကြည့်လေးတွေ ကပ်ပါသွားရင်း ရင်းချဲယ်က မျက်မှောင်ကြုတ်လျက် ပြောတယ်။
''သူပဲ ပွင့်ပွင့်လင်းလင်း‌ ပြောခိုင်းပြီးတော့၊ အစကတော့ ငါလည်း အဲ့လောက်မပြောပဲ နေမလို့ကို"

Pay Attention To Me [Myanmar Translation]Where stories live. Discover now