"ဟာ မလုပ်ပါနဲ့ ဦး ကလေးကို မကျွေး
တော့ပါဘူး ဒါပေမယ့် ချီထားပါရစေကွ နော်"

"အွန်း ဒါနဲ့ ဒီမှာ ရှင့် ပစ္စည်း"

"လက်စွပ်၊ ဟင်း သားသား သိပ်တော်
တာပါ့လား မေမေ့ကို သေချာပေးလိုက်တယ်နော်"

"ကလေးကို ချီးကျူးမနေစမ်းပါနဲ့
ဒီပစ္စည်းကို ပြန်လာပေးတာ ပြီးတော့
စကားကို အပြတ်လာပြောတာ နောင်
ဘယ်လိုမျိုးသော အရာနဲ့မှ လက်ဆောင်
မပေးပါနဲ့၊ အသွေး ရှင့်ရဲ့ အပျော်မယား
ဖြစ်ခဲ့တာတင် မကလို့ ငွေမက်တဲ့ မိန်းမ
ဖြစ်အောင်အထိ ရှင် ကျွန်မကို မရက်စက်
ချင်ပါနဲ့တော့"

     စကားကို ဆက်တိုက် မနားတမ်း ပြော
ဆိုနေလေသော ချစ်ရသူကို ဦးညှို့နက်
ငေးစိုက်ကြည့်နေမိလေသည်။ ထို့နောက်
အရန်သင့် ထုတ်ထားလေသော စာရွက်စာ
တမ်းတို့ကို ထုတ်ပြလိုက်လေသည်။

"ဒီမှာ မင်း ဖတ်ကြည့်လိုက်ပါ
ဒါ ဦးရဲ့ ဆေးကုသခဲ့တဲ့ မှတ်တမ်း"

"ဟွန် ဒါတွေက ဘာဆိုင်လို့လဲ"

"ဦး အသွေးကို မချစ်ပဲ လက်ထက်ခဲ့တာ
မှန်သလို ချစ်လွန်းလို့ လမ်းခွဲခဲ့တယ်ဆို
ရင် မမှားပါဘူး အသွေး၊ အသွေးဟာ ဦးရဲ့
အပျော်မယား မဟုတ်သလို အရူးတစ်ယောက်
ရဲ့ ဇနီးသည်လို့ လူတွေ အမြင်အမှတ်မမှား
စေဖို့ ဦး လမ်းခွဲခဲ့ရတာပါ၊ ဦးပြောခဲ့ဖူးပါတယ်
အချိန်တစ်ခုလောက်အထိပါပဲလို့လေ

     ဦး နေကောင်းသွားပါပြီ၊ စာလည်း
မရေးဖြစ်သေးသလို အသွေးကိုပဲ လိုက်ရှာ
နေမိခဲ့တာပါ သွေးကို ယုံပါလို့ မပြောချင်
သလို ဦးလည်း မမှားချင်ခဲ့ဘူးဆိုတာ သိစေ
ချင်ရုံ သက်သက်ပါ ဦးကို အခွင့်အရေး တစ်ကြိမ်
လောက်ပဲ ပေးပါ"

"ဟင့်အင်း နားမလည်ဘူး ပေးပါ
ကလေးကို၊ ဟင်း… အသွေးကို ရက်စက်ခဲ့ရုံမက
လို့ သားကိုပါ ဒုက္ခပေးဖို့  ရှင် မတွေးပါနဲ့
သားကို တစ်စုံတစ်ခု ထိခိုက်ကြေကွဲအောင်
လုပ်တာနဲ့ ရှင့်ကို ကျွန်မ ကိုယ်တိုင် သတ်မယ်
သား သွားမယ် လာ"

"…"

     အသွေး နှုတ်သွက်လျှာသွက်နဲ့ ဦးကို
ရန်တွေ့နေပေမယ့် ကလေးကို ဦး ပြန်
ခေါ်ခွင့် မပေးသလို အသွေးကိုလည်း
စိုက်ကြည့်တာ မပျက်။

Love + Love [Normal Fiction]Where stories live. Discover now