"မေမေ"
"ဟွန် ဘာတုန်း မုန်းသွေး"
"ဒီမှာ ဦးဦး ပေးလိုက်တာ
သားဖို့က ဒီဟာလေး ဒါလေးက
မေမေ့ဖို့တဲ့"

  "ဟင် စိန်လက်စွပ်အသေးလေး
ဒါက အို ကြည့်ပါဦး ဒီလောက်တန်ဖိုး
ကြီးတာကို ကလေး ပေးလိုက်ရတယ်
လို့၊ သား မင်းကလည်းလေ ဒါ တစ်ပဲ
ခြောက်ပြားတန်တာတွေများ မှတ်နေသလား
အိမ်ထဲ ဆော့နေပြီးမှ လာပေးရတယ်လို့
လာ လာ မဖြစ်ဘူး သိက္ခာတော့ အကျမခံနိုင်
ဘူး ပြန်သွားပေးမယ်"

"ဟုတ်"

  အသွေး ဘာရယ်ကြောင့် မသိ။
ငွေပေးလို့ ကျေအေးပေးမယ်
အထင်နဲ့ နှိမ် ပေါက်သဘော ချိုး
တာမျိုးကိုတော့ လုံးဝ လက်မခံ
နိုင်။

ထို့ကြောင့်လည်း ………
တစ်ခါတုန်းက စံစားခဲ့ဖူးလေသော
အိမ်နန်းဆောင်ကြီးထံ သားကို ခေါ်လို့
လာခဲ့မိလေတော့သည်။

    " ကြွပါခင်ဗျာ "
"ဟင်"

  သူမ လာမည်ကို ကြိုသိနေတယ် ထင်ရဲ့။
တံခါးစောင့်လူကြီးက အိမ်တော်ကြီးရှေ့
သားအမိတတွေ ခြေစုံရပ်တာနဲ့ ဖွင့်ပေး
လေသည်။ အသွေး လမ်းတစ်လျှောက်
ရောင်စုံပန်းခင်းတွေကို ငေးလို့ လျှောက်လာ
မိခဲ့လေသည်။

  တစ်ညတာသာ ပျော်ပါးခွင့်ရခဲ့တဲ့
အပျော်မယားအဖြစ် သတ်မှတ်ခံခဲ့ရ
လေသော အဖြစ်ကို သတိရလာမိတဲ့
အခါ လက်တစ်ဖက်က လက်သီးကလေး
ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလေတော့
သည်။

       အသွေး အိမ်ထဲကို အစေခံတို့ လမ်းညွန်မှု
နဲ့ ဝင်လာခဲ့လေတော့ ကျွန်းသစ်ထိုင်ခုံအလှ
ကြီးမှာ မိန့်မိန့်ကြီး ထိုင်နေပါလေသော အိမ်ကြီး
သခင်။ ဦးညှို့နက်။

"လာပါ ထိုင်၊ မင်း ဦးထင်ထားသလို
လာသေးတာပဲ ၊ သားလေး လာပါဦးကွ"

  ကလေးကို ဦးညှို့နက် ဖင်တကြွကြွ
ဖြစ်ကာ လက်လှမ်း ခေါ်နေလေတာ့
မအေကို မော့ကြည့်နေလေသော သား။

"လာပါကွ နော်"

  စိတ်မရှည်တော့ သားအနား ထသွားလို့
ပွေ့ချီမိလေသည်။

"သားလေး ဘာစားချင်လဲဟင် ဦးဦးကိုပြော"
"ဟို ဟို"

"ကလေးကို လျှောက်မကျွေးပါနဲ့ ဦးညှို့နက်
အသွေး မကြိုက်ဘူး ပေးပါ ကလေးကို"

Love + Love [Normal Fiction]Where stories live. Discover now