တစ်နည်းပြောရရင်... ဝမ်ရှောင်းယွင်က သူ့ကို သဘောကျနေတာများလား။

ဒါက လက်ထပ်ချင်တယ်ဆိုတဲ့ သဘောကျခြင်းမျိုးများလား။

ဒါမှမဟုတ် သူ ချန်ကျင့်ရွှယ်ကို သဘောကျတာနဲ့ တူညီတဲ့ သဘောကျခြင်းမျိုးလား။

ကျွမ်းကျိုးက သူ့ခေါင်းကို စောင်ပုံထဲကို ပိုနှစ်လိုက်တယ်။ အလွန်မြန်ဆန်စွာပဲ ခေါင်းပြန်ထောင်လာပြီး စိတ်ထဲမှာ အင်မတန်ကို ဒွိဟဖြစ်နေတော့တယ်။

"မဟာနတ်မင်းကြီးကလည်း ငါ့ကို တစ်ခါမှ မပြောဖူးဘူး.... နတ်ဘုရားတွေက လက်ထပ်လို့ရလားဆိုတာကို....."

မေ့လိုက်တော့ မေ့လိုက်တော့။ လျှောက်တွေးမနေနဲ့တော့။

သူက မက်ခါပြိုင်ပွဲဗီဒီယိုတွေကို ဆွဲထုတ်လာပြီး စတင်ကြည့်နေတော့တယ်။

မဟာမက်ခါဒီဇိုင်းပြိုင်ပွဲ နောက်ဆုံးအဆင့်က နောက်နှစ်ရက်တွင်ဖြစ်တယ်။ ဒီတစ်ခေါက် ပြိုင်ပွဲမှာ မြင်းနက်တစ်ကောင်*-- ဟုန်ရှစ်ကျွင်းလို့ခေါ်တဲ့သူ ပါလာတယ်။ (*မထင်မှတ်ထားပဲ တဟုန်ထိုးထင်ပေါ်လာတဲ့သူ)

ဟုန်ရှစ်ကျွင်းက ဟုန်မိသားစုရဲ့ သားအကြီးဆုံးဖြစ်တယ်။ ပေါ်သွင့်မြို့စားကတော်က ဟုန်မိသားစုကနေ မွေးဖွားလာသူဖြစ်တယ်။ အဲဒါကြောင့် ပေါ်သွင့်မြို့စားကတော်ရဲ့ မျိုးနွယ်မိသားစုအနေနဲ့ ဟုန်မိသားစုက အလိုအလျောက် အားကြီးပြီး ဩဇာညောင်းတဲ့ မင်းမျိုးမင်းနွယ်ဝင်ဖြစ်တယ်။

လူတိုင်းက မင်းမျိုးမင်းနွယ်ဝင်တွေရဲ့ ကလေးတွေက လတ်လျားလတ်လျားနေပြီး ဘဝကိုပျော်သလို မွေ့လျော်ရတာကို နှစ်ခြိုက်ကြတယ်လို့ပြောကြတယ်။ ဟုန်မိသားစုရဲ့ အကြီးဆုံးသားတစ်ယောက်အနေနဲ့ ဒီဟုန်ရှစ်ကျွင်းကလည်း ဒီပျော်မွေ့မှုကို အထွတ်အထိပ်ထိအောင် တကယ်ကြီး ဖော်ပြနေတယ်။

ဒါပေမဲ့ ဒီလိုမျိုး သောက်စားပျော်ပါးနေတဲ့ဘဝမျိုးမှာ ပျော်မွေ့နေတဲ့ လူပေါ်ကြော့သူဌေးလေးက ဒီနှစ်မက်ခါဒီဇိုင်းပြိုင်ပွဲမှာ အံဩဘနန်း တောက်ပပြီး လူတိုင်းရဲ့ အာရုံစိုက်မှုကို ရထားတဲ့ မြင်းနက်တစ်ကောင် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူ ထင်မိမှာလဲ။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now