"မင်းကိုမိတဆိုးလေးဆိုပြီး အလိုလိုက်ခဲ့တာ အခုလို မုဒိန်းကောင် ဖြစ်လာဖို့ မဟုတ်ဘူးကွ!!!!"

နေသူရိန် အဖေထွက်သွားကတည်းက လိုင်းပေါ်ကနေ ရှာဖွေထားတာကြောင့် တမာန်ရဲ့ လိင်၂မျိုးပါတဲ့ လူကို နားလည်သွားသည်။ထို့ကြောင့်

"သူလည်း ယောင်္ကျားစာရင်းထဲ ဝင်နေတာပဲ၊ ဗိုက်ကြီးသွားတာလည်းမဟုတ်ဘူး၊ အခုခေတ် ယောင်္ကျားအခြင်းခြင်းလဲ အတူဖင်ပေးပေါင်းနေတဲ့သူတွေ တစ်ပုံကြီး ၊ သူမသေဘူးမလား.."

"မင်း!!!မင်း!!!နေသူရိန်..၊မင်းဘာစကားပြောလိုက်တယ်၊ မင်းအမှား မင်းမမြင်ဘဲ ဘယ်လိုတောင် ခွေးစကားပြောထွက်ရတာလည်း!!၊ ဟမ်!! ဖင်ပေးပေါင်းတယ် ဟုတ်လား၊ ဒီလောက် မိုက်ရိုင်းတဲ့စကားတွေ ဘယ်က တတ်လာတာလဲ၊ မင်း မုဒိန်းကျင့်လိုက်တဲ့သူက အခုမှ ၁၄နှစ်အရွယ် ကလေးဆိုတာကော မင်းသိလား!!!အဲ့ဒါ မင်းညီမကွ!!!"

"သွေးသားတော်တာမှ မဟုတ်တာ အဖေရာ၊ ပြီးတော့ ၁၄နှစ်က မငယ်ပါဘူး၊ သားသူ့အရွယ်ကဆို ဂွင်းတိုက်တတ်နေပြီ"

"ဒီခွေးကောင်!!!"

ထိုနေ့က ဦးဂုဏ်သွေးဝင့်ရဲ့ ဒေါသဟာ နေသူရိန်ရဲ့ မျက်နှာပေါ်သို့ အခေါက်ပေါင်းများစွာ ...။

ဦးဂုဏ်သွေးဝင့်ရဲ့ အတွေးတွေက လက်ရှိပြန်ရောက်လာပြီး

"မင်းမနက်ဖြန် နိုင်ငံခြားကို သွားဖို့ပြင်တော့၊ ငါလက်မှတ်မှားထားပြီးပြီ။ ဘွဲ့မရမချင်း ပြန်မလာနဲ့.."

နေသူရိန် ကျစ်ခနဲ စုတ်သတ်လိုက်ကာ
"ပြီးတာပဲ..၊ပိုတောင် လွတ်လပ်သေးတယ်..."

ထိုသို့ဖြင့် နေသူရိန်ဟာ..မွေးရပ်မြေနဲ့ ဝေးရာဆီသို့။

တမာန် အားလုံးပြန်ကောင်းပြီး ဆေးရုံက ဆင်းခဲ့သော်လည်း အရင်လို သွက်သွက်လက်လက် ကောင်မလေး မဟုတ်တော့။
အခန်းကို အမှောင်ချကာ ဂျောင်မှာကပ်ပြီး ငိုနေတတ်တဲ့ သူတစ်ယောက် ဖြစ်နေခဲ့ပြီ။
ညဖက်ရောက်လို့ အခန်းရှေ့က ခြေသံကြားတိုင်း နေသူရိန်များ ဖြစ်နေမလားဆိုတဲ့ စိတ္တဇတွေနဲ့ အိပ်ရေးပျက်တဲ့ ညတွေက ဆေးရုံမှာ သတိရလာတဲ့ နေ့ကတည်းက အခုအချိန်ထိ။
တစ်နေကုန် အခန်းထဲက မထွက်တော့ဘဲ အစားတောင် ချော့ကျွေးကာမှ တစ်ဇွန်းတစ်လေသာ စားပြီး အေးစက်စက် လူတစ်ယောက် အဖြစ် ပြောင်းသွားတော့သည်။

My Lovely Night Bird Boy (Completed)Wo Geschichten leben. Entdecke jetzt