Chapter (57) - မင်း ရန်သူကို အယောင်ပြပြီး ဆွဲဆောင်သွားနိုင်မလား....

Start from the beginning
                                    

ဒီအသိက Tang Feng ရဲ့ ပင်ကိုသိဖြစ်တယ်။ ဒါပေမယ့် Tang Feng သည် ပင်ကိုယ်သိ တစ်ခုတည်းနှင့် အခြေနေကို အကဲဖြတ်ရလောက်အောင် မမိုက်မဲသေးပေ။ တကယ်တော့ အိုင်ဗန်ဟာ ပရော်ဖက်ရှင်နယ် အရာရှိ တစ်ဦးဖြစ်ပြီး နတ်ဆိုးလေးကလည်း ကြေးစားလူသတ်သမား တစ်ယောက်ဖြစ်သည်။

ဓားစာခံများကို ကယ်တင်ခြင်းနည်းလမ်းကို ကိုင်တွယ်ရာတွင် ဒီလူနှစ်ဦးစလုံးသည် သူ့ထက် အတွေ့အကြုံပိုရှိကြပြီး ရှောင်ယုကို ကယ်တင်ရန် ဆန္ဒရှိနေသရွေ့ ဒီလူနှစ်ဦး၏ အကြံပြုချက်များကို Tang Feng နားထောင်ချင်စိတ်ပါတယ်။

အခုလေးတင် ပြောပြလာတဲ့ အချက်လက်တွေထဲမှာ တစ်ဝက်က ရိုးရိုးသားသားဖြစ်ပြီး တစ်ဝက်က အစွန်းရောက်တဲ့ နည်းလမ်းတွေဖြစ်တယ်။

"အဲဒါတော့ မဟုတ်ဘူး! ဘာပဲဖြစ်ဖြစ်၊ ငါတို့က အဲဒီကောင်တွေကို ကယ်တင်မှာ မဟုတ်ဘူး၊ မင်း ငါတို့နဲ့ လိုက်ခဲ့မှာပဲ မဟုတ်လား၊ မင်းမကျေနပ်ရင် ပြန်ရောက်တဲ့အခါ ငါတို့ကို သူဌေးနဲ့ တိုင်ပြောလို့ရတယ် "

နတ်ဆိုးလေးသည် Tang Feng ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။ ဒီလူပြောသည်မှာ အမှန်မဟုတ်ကြောင်း သိသော်လည်း ခြိမ်းခြောက်ခံရခြင်းသဖြင့် သူက မပျော်နိုင်ဖြစ်နေသည်။

"အိမ်ရှေ့မှာ ရဟတ်ယာဉ်နှစ်စင်း တွေ့ခဲ့တယ်၊ အဲ့ရဟန်ယာဉ်က လူတိုင်းကို သယ်ထုတ်ဖို့ လုံလောက်နေပြီ။ မင်းတို့ ရဟတ်ယာဉ်ကို မောင်းနိုင်တယ် မဟုတ်လား"

Tang Feng က မေးသည်။

နတ်ဆိုးလေးက Tang Feng ကို ဂုဏ်ယူသောအကြည့်ဖြင့် ပြောလိုက်သည်။

"ရဟတ်ယာဉ်မောင်း၇တာက အရုပ်ကားမောင်းရတာထက်တောင် လွယ်သေးတယ်။"

"ဒါဆို ဘယ်လိုလုပ်ကြမယ်ဆိုတာ အရင်တိုင်ပင်ရအောင် "

Ivan က ပြောလိုက်သည်။

"အရင်ဆုံး တိုက်ပွဲအစီအစဉ်ကို ဘယ်လိုရေးဆွဲမလဲ"

Tang Feng သည် ထိုလူနှစ်ယောက်ကို ကြည့်လိုက်သည်။

အရင်က သူတို့ကို ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ဝတ်စုံနက်နဲ့လူတွေ ပြန်ပေါ်လာဖို့ အလားအလာရှိနိုင်တယ်။ သူတို့ သေချာတိုင်ပြင်ပြီးနောက် ဂူထဲမှာ ပုန်းနေတဲ့ သုံးယောက်လုံးက မီးငြိမ်းပြီးနောက် တောထဲကို အသံမထွက်အောင် ဂရုတစိုက် လျှောက်လာကြတယ်။ နတ်ဆိုးလေးက Tang Feng ကို ကားနဲ့ခေါ်ခဲ့ပေမယ့် ဦးတည်ချက်ကတော့ အတူတူပါပဲ။ ရိုက်ကူးရေးအဖွဲ့နဲ့ ဒါရိုက်တာတွေကို သူတို့လိုဏ်ဂူထဲမှာ ထိန်းသိမ်းထားပြီး အဝေးက မီးအလင်းရောင်ကို တွေ့ဖို့ သိပ်မကြာလိုက်ဘူး။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now