My Master-6 (Z+U)

Start from the beginning
                                    

အရောင်းကောင်မလေးကို ကျနော့်ကိုရိပ်မိသည့်အလား

"အကယ်၍ အကိုဒါကိုစိတ်တိုင်းမကျဘူးဆိုရင် ကိုယ်တိုင်ထိုးရင်ရောဘယ်လိုလဲ ညီမတို့ဆိုင်မှာ သိုးမွေးထိုးတဲ့ချည်နဲ့ အပ်တွေလည်းတခါထဲရောင်းပေးပါတယ် အကို"

ထိုကောင်မလေးပေးသည့်အကြံက ကျနော့်အတွက်ပိုအဆင်ပြေသည်။ သခင်လေးမွေးနေ့က 3ပတ်နီးပါးလိုသေးတာကြောင့် အချိန်မီလောက်သည်။
ထို့အပြင် ဝယ်တာမဟုတ်ဘဲ ကိုယ်တိုင်ထိုးရမည်ဆိုတော့ သခင်လေးအတွက္ ဘာမဆိုကိုယ်တိုင်လုပ်ပေးရမှ ကျေနပ်သည့် ကျနော် Byun
Baekhyunအကြိုက်။

အရောင်လေးကတော့ ထိုရှားညိုရောင်လေးပဲကြိုက်သည်မလို့ သိုးမွေးချည်ဝယ်တော့လည်း ရှားညိုရောင်သိုးမွေးချည်လေးပဲဝယ်လိုက်သည်။ ဆွယ်တာထိုးဖို့ အပ်ကို တခြားကောင်မလေးတယောက္ ထုတ်နေတုန်း

"ဒီဆွယ်တာလေးယူမယ်"

လှည့်ကြည့်လိုက်တော့ ကျနော်ခနကယူမလိုလုပ်ခဲ့တဲ့ ရှားညိုရောင်ဆွယ်တာလေး။ ဝယ်တဲ့ကောင်မလေးကိုကြည့်လိုက်ပြန်တော့ ဟိုတနေ့ကသခင်လေးရုံးခန်းနားကျနော်နဲ့တိုက္မိခဲ့တဲ့ကောင်မလေး။

သူမက ဒီနေ့တော့ လူငယ်ဆန်ဆန်ဂါဝန်မိုးပြာလေးနဲ့ အေးချမ်းနေသည်။ သူမဘယ်လိုပဲဝတ်စားဝတ်စား ပျောက်ပျက္မသွားတာက သူမရဲ့အထက်တန်းကျကျပုံစံ။
အထက်တန်းကျကျပုံစံအတိုင်းပင် သူမသည်ချမ်းသာကြွယ်ဝသောမိသားစုကလာသည်မှာအမှန်ဖြစ်နေသည်။
အကြောင်းက ရှားညိုရောင်ဆွယ်တာလေးကို ဈေးပင်မမေးဘဲ ထုတ်ခိုင်းလိုက်ကာ သူမရဲ့အိတ်ထဲကထုတ်ပေးလိုက်သော အနက်ရောင်ကတ်လေးကြောင့်ဖြစ်သည်။

သူမက အရောင်းကောင္မလေးပေးလာသော ရှားညိုရောင်ဆွယ်တာထည့်ထားသည့်အိတ်လေးကိုလှမ်းယူလိုက်တော့

"အမ ကောင်လေးအတွက်ဖြစ်မယ်ထင်တယ်"

သူမက ပြုံးလိုက်ကာ
"မဟုတ်ပါဘူး အသိတယောက်အတွက်ပါ" ဟုပြောကာအိတ်လေးကိုလှမ်းယူပြီး ပြန်လှည့်ထွက်သွားလေသည်။ သူမကိုကျနော်အားကျမိပြန်သည်။ ဈေးဘယ်လောက်လဲ မမေးဘဲ ကတ်အနက်လေးပေးကာ ရှင်းသွားသည့် သူမကြောင့် ကျနော်သိမ်ငယ်လာချင်ပြန်ပြီ။

My Master (Completed) (Z+U)Where stories live. Discover now