Part 18

1.9K 157 0
                                    

ထိပ် အပြင်ထွက်ကာ သွန်းလေးအတွက် လိုအပ်သည်တို့ကို ဝယ်ခြမ်းနေရင်း မိုးကသည်းထန်စွာရွာသွန်းလာခဲ့သည်။ ထိပ် ပစ္စည်းများဝယ်ခြမ်းပြီး Super market အပြင်ဘက်အထွက်တွင်.....

'ဟေ့...ထိပ်ကလေး Long time to see!'

ထိပ် လှည့်ကြည့်လိုက်တော့ မေ နှင့် သွားနေကျ Romantic Bar and Snacks ဆိုင်မှ ကိုသန့်စင် ဖြစ်နေတာကိုတွေ့ရပါသည်။

'Of course! It's been a while! စျေးလာဝယ်တာလား အစ်ကို'

'အေးကွာ ပစ္စည်းနည်းနည်းလိုနေလို့ မိုးကလဲခုမှပဲ သည်းလာလိုက်တာကွာ'

'ဟုတ်ပါ့ အစ်ကို ဘာနဲ့လာတာလဲ'

'Taxi နဲ့လာတာ ထိပ်'

'ဒါဆို ထိပ် လိုက်ပို့ပေးမယ် အစ်ကို'

'ဟာ...မလုပ်ပါနဲ့ မင်း အလုပ်များနေတာမလား'

'ရတယ် အစ်ကို အားမနာနဲ့ အပြန် အစ်ကိုတို့ဆိုင်ရှေ့ကပဲ ဖြတ်ရမှာ တခါတည်းလိုက်ခဲ့လိုက်တော့ အစ်ကို'

'ဒါဆိုလဲ ကျေးဇူးပါ ထိပ် ရာ အားမနာတော့ဘူးကွာ'

'လာပါ အစ်ကို ကားပေါ်တက်တော့ မိုးစိုလိမ့်မယ်'

'အေး..အေး'
...........................×....................

'အစ်ကို ပြန်လာပြီလား မိုးတအားသည်းနေလို့ စိတ်ပူနေတာ'

'ဟုတ်တယ် ဆူဆန် ဒီမှာလေ အစ်ကို့ကို ဘယ်သူလိုက်ပို့လဲ ကြည့်ဦး'

'ဟယ်....ထိပ် ပါလား ထိပ် ပိန်သွားလိုက်တာ နေကောကောင်းရဲ့လား ထိပ် ပါလာမယ်ဆိုတာသိရင် မေ့ကို ပြန်မလွှတ်လိုက်ပါဘူးဟယ်'

'ဟမ်...မေ က ဘယ်တုန်းက လာလိုက်တာလဲကွ ထိပ် မပါပဲနဲ့'

'အစ်ကို အပြင်သွားတုန်းကလေ သူ အရမ်းသောက်နေလို့ သူ့မိတ်ဆွေကောင်လေးက ထိန်းခေါ်သွားရတယ် ဝဏ္ဏဆိုလား'

'ဟင်...အစ်မ ဘယ်သူ'

'ဝဏ္ဏ လို့တော့ ကြားလိုက်တယ်'

'ဝဏ္ဏဟိန်း လား အစ်မ'

'ဟုတ်တယ် ဟုတ်တယ် မေ အရမ်းမူးနေတော့ သူ ပြန်ပို့လိုက်မယ်ဆိုပြီး ခေါ်သွားတာပဲ အစ်မလဲ မေ က သူ့မိတ်ဆွေ လို့ ပြောတာနဲ့ ထည့်လိုက်တာ ပြဿနာရှိလို့လား ထိပ်'

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Where stories live. Discover now