Part 7

2.1K 184 0
                                    

မေ စိတ်တွေ ရှုပ်ထွေးနေသည်။ တက်လာသည့်သတင်းတို့က မြန်လွန်းသည်။ ဖြစ်ချင်တော့ ဒီနေ့ Cosmetic project ဘက်မှာ Formula စာရွက်မှားထုတ်မိသဖြင့် product တွေ အချိုးအစားမမှန်တော့ပဲ စျေးကွက်ထဲဖြန့်မရတော့သဖြင့် Dollar 1 million ခန့် ဆုံးရှုံးနစ်နာခဲ့ရသည်။ မေ က CEO ရာထူးအတွက် ထိုက်တန်ကြောင်း အသည်းအသန်ကြိုးပမ်းနေချိန် ယခုလိုကိစ္စဖြစ်လာခြင်းက မေ့ ရှေ့ရေးကို လာပိတ်နေသလို ခံစားရသည်။ ဒီကြားထဲ ထိပ် ဆီက ဖုန်းက ခဏခဏလာနေသည်မို့ ဖုန်းအားလုံးကို စက်ပိတ်ထားလိုက်သည်။ အရေးပေါ် meeting တွင် ရှယ်ယာရှင်တို့၏ စိတ်ပျက်မှုရှိနေသောမျက်နှာများက မေ့အတွက် ဒဏ်ရာကို အရက်ပျံလောင်းတာထက် ခံရခက်လှသည်။

အမြဲမှန်ကန်ခဲ့သူမို့ တစ်ကြိမ်မှားယွင်းမိသည်နှင့် အမြဲကြိုးစားခဲ့တာကို မထောက်ပဲ ထိုးနှက်ချင်သည့် လူတို့၏ အတ္တကိုလဲ မေ ကောင်းကောင်း သဘောပေါက်လိုက်ရသည်။ Mr.  Breck Fortte လူယုံကတော့ မေ ဖြေရှင်းနိုင်မယ် ယုံပါတယ် ပြောလို့သာ ပြောထွက်လာမည့်စကားများ တိတ်သွားခြင်းဖြစ်သည်။ CEO ဖြစ်သည့် ဒယ်ဒီလဲ ရှိနေပေမယ့် အလိုမကျသည့်မျက်ဝန်းများကတော့ မေ့ကို စိန်ခေါ်နေဆဲပင်။ ဒီလိုအချိန်မှာ မေ တခြားစိတ်ရှုပ်စရာတွေ လက်မခံချင်ပါ။ ထိပ် အတွက် စိတ်မကောင်းပေမယ့် မေ စာပို့ပြီး မာမီတို့ဆီပဲ ပြန်ခဲ့လိုက်သည်။ ဒယ်ဒီနှင့်လဲ ဆွေးနွေးရမည်ဖြစ်သည့်အတွက် အိမ်ကိုပြန်တာက အဆင်ပြေမည်လေ။ ထိပ် က ရှင်းပြရင် နားလည်လက်ခံပေမယ့် မေ က ကိုယ်အမှားမလုပ်ပဲ ရှင်းပြဖို့ရာ ဝါသနာမပါတာကြောင့် ၂ ရက် ၃ ရက် လောက်တော့ ထိပ်နှင့်မတွေ့ဖို့ စိတ်ကူးထားသည်။ ထိပ် ကို လွမ်းသော်လည်း မေ ဒယ်ဒီနှင့်အတူ ကားလေးကို မာမီတို့အိမ်ပဲ ဦးတည်မောင်းလိုက်သည်။

မေ တို့ အိမ်ထဲဝင်လာသည်နှင့် တပြိုင်နက်...

'သမီးလေး နဲ့ အဖေကြီး ပင်ပန်းလာတယ်မလား ခဏနားပြီး ရေမိုးချိုးလိုက်ဦး သမီးတို့စားဖို့အတွက် Chef ကို အသင့်ပြင်ခိုင်းထားလိုက်မယ် ဒီမှာအိပ်မယ်မလား'

'ဟုတ် မာမီ'

'သမီး ဒီနေ့ ကောင်းကောင်းနားလိုက်ပါ ခေါင်းအေးအေးထားမှ ဖြစ်လာတဲ့ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းတွေ့မှာ
သမီးက CEO တာဝန်ယူရတော့မှာဆိုတော့ ဒီပြဿနာကို သမီး ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ် ဟုတ်ပြီနော် သမီး'

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Where stories live. Discover now