Part 16

2K 174 0
                                    

'သမီးကြီး....သမီးလေး အခြေအနေ ဘယ်လိုတဲ့လဲ'

'ဟင်...ဖေဖေနဲ့မေမေ'

ခွဲစိတ်ခန်းရှေ့မှာ ထိပ် နှင့် ဆိုင်မန်နေဂျာ မစုလွင် စောင့်နေသည်မှာ ၂နာရီခန့်ကြာတော့ ဖေဖေဦးလွင်နိုင်နှင့် မေမေဒေါ်သွန်းဒေဝီ ရောက်ရှိလာခဲ့သည်။ ဒေါ်သွန်းဒေဝီမှာ မျက်ရည်လည်ရွှဲနှင့် ဦးလွင်နိုင်မှာလဲ သောကမီးတောက်လောင်နေသည့်အပူမျက်နှာနှင့် တစ်ဦးတည်းသောသမီးလေး ရွှေသွန်းခတ် အတွက် စိုးရိမ်ပူပန်နေကြပါသည်။

'ထိခိုက်မှုများလို့ ခွဲစိတ်ခန်းဝင်ရမယ်တဲ့ ဖေဖေ အရေးပေါ်မို့ သမီး သဘောတူကြောင်း လက်မှတ်ထိုးလိုက်တယ် ဖေဖေ သမီးကြောင့် သမီးအသုံးမကျလို့ သွန်းလေး ခုလိုဖြစ်ရတာ သမီးအပြစ်တွေချည်းပဲ ငါကွာ....ဒုန်း...'

ထိပ် ပြောနေရင်း ခံပြင်းစွာ သူ့ခေါင်းကိုနံရံနှင့် ပစ်ဆောင့်လိုက်သည်။

'မမ မလုပ်ပါနဲ့'

'မလုပ်ပါနဲ့ သမီးကြီးရဲ့ သမီးကြီးကို ဖေဖေတို့ အပြစ်မတင်ပါဘူး ဒီလိုဖြစ်ရဖို့ကံပါလာရင် ဘယ်သူမှ မရှောင်လွှဲနိုင်ပါဘူး ကလေးရယ် ဖေဖေတို့ သမီးငယ်လေးအတွက် အကောင်းဆုံးလုပ်ပေးပြီး ဝိုင်းဆုတောင်းကြတာပေါ့'

ဦးလွင်နိုင်နှင့် မစုလွင် တို့ တားကြတော့ ထိပ် ရင်ထဲတွင် နာကျင်ဝမ်းနည်းစွာ ခံစားရပါသည်။ နွေးထွေးပြီး ကြင်နာတတ်သော မိသားစုလေး သူ့ကြောင့် အခုလိုခံစားနေကြတာကိုကြည့်ရင်း သူ့ကိုယ်သူခွင့်မလွှတ်နိုင်ဖြစ်မိသည်။ ထိုစဥ် ခွဲစိတ်ခန်းတံခါးပွင့်လာကာ ခွဲခန်းဝတ်ရုံဖြင့် ဆရာမလေးတစ်ယောက်ထွက်လာပြီး....

'လူနာ ရွှေသွန်းခတ်အစောင့်တွေလားရှင့် လူနာက သွေးသွင်းဖို့လိုနေတယ် ဒီက အလုပ်သမားတစ်ယောက်နဲ့အတူ သွေးယူလိုက်သွားပေးပါ'

'ဟုတ်ကဲ့ပါ ဆရာမ လူနာအခြေအနေ'

'လူနာကိုတော့ ခွဲစိတ်နေရတုန်းပါ လူနာရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဆရာဝန်ကြီးတွေ အသေးစိတ်ရှင်းပြပါလိမ့်မယ်နော် သွေးကိုမြန်မြန်ယူခဲ့ပေးပါ'

'ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးပါ ဆရာမ'

ခွဲစိတ်ချိန် ၃ နာရီခန့်ရှိသွားသော် ထိပ် တုန်လှုပ်စပြုလာပါသည်။ သွန်းလေးသာ တစ်ခုခုဖြစ်သွားရင် ဆိုသည့်အတွေးက ထိပ် ကိုစိတ်ဖိစီးစေပါသည်။ ထိုအချိန်တွင် ခွဲခန်းဝတ်စုံဝတ်ထားသော လူရွယ်တစ်ဦးထွက်လာကာ...

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Hikayelerin yaşadığı yer. Şimdi keşfedin